မိုးညိုမြို့နယ်အတွင်းသို့  ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

 

မိုးညို  ဇူလိုင် ၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှုားမျ ဖြစ်ပွားနေ သည့်အတွက် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးအဖွဲ့၏ လမ်းညွှန်မှုဖြင့် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် မြို့နယ်အတွင်းကျေးရွာများသို့ လိုက်လံကြေညာခြင်းကို ယနေ့နံနက်ပိုင်းတွင် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ အသိပညာပေးနိုးဆော်ရာတွင် မြို့ပေါ် (၅)ရပ်ကွက်နှင့် ညောင်ဝိုင်း အုပ်စု၊ အင်းတ္တော်လုပ်အုပ်စု၊ ပေါက်ကုန်းအုပ်စု၊ ကြို့ပင်သာအုပ်စု၊ မတော့ကုန်းအုပ်စုများသို့ လိုက်လံကြေညာပေးလျက်ရှိရာ ပြည်သူလူထုအနေဖြင့် ယခုကြုံတွေ့နေရသော ကိုဗစ်-၁၉ ရောဂါသည် ကူးစက်မှု ပိုမိုမြန်ဆန်သည့်အတွက် မလိုအပ်ဘဲ လုံးဝအပြင်မထွက်ကြရန်၊ မဖြစ်မနေအပြင်ထွက်ရမည်ဆိုပါက Mask ကို စနစ်တကျတပ်ဆင်ရန်၊ လူစုလူဝေးရှောင်ရှားကြရန်၊ မကြာခဏ လက်ကို ဆပ်ပြာဖြင့် စက္ကန့်(၂၀) ကြာအောင်ဆေးကြောရန်၊ ရောဂါလက္ခဏာများ (ဖျား၊ချောင်းဆိုး၊ အနံ့မရခြင်း၊ကိုယ်လက်မအီမသာဖြစ်ခြင်း) စသည်များ ခံစားရပါက သက်ဆိုင်ရာကျန်းမာရေးဌာနများသို့ ဆက်သွယ်အကြောင်းကြားရန် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များအား လိုက်နာဆောင်ရွက်ရန် ကြေညာခြင်းနှင့် အသိပညာပေးလက်ကမ်းစောင်များ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ကိုမင်း