နာဂဒေသ၊ နန်းယွန်းမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များတွင် ပါဆယ်စနစ်ဖြင့် ရောင်းချရန် အသိပေး 

နန်းယွန်း ဇူလိုင် ၅ 

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နန်းယွန်းမြို့၌ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များ ရောင်းချသော ပြည်သူများအား မြို့နယ်စည်ပင်သာယာရေးကော်မတီက ၂၀၂၁ ခုနှစ် ဇူလိုင်လ ၅ ရက်နေ့မှ ၁၉ ရက်နေ့ထိ ဆိုင်ထိုင်ရောင်းချခြင်းအစား ပါဆယ်စနစ်ဖြင့် ရောင်းချ သွားရန်အသိပေး အကြောင်းကြားစာထုတ်ပြန်ခဲ့သည်။ 

မြန်မာနိုင်ငံတွင် မျိုးရိုးဗီးဇကွဲ ကိုဗစ်-၁၉ ရောဂါပိုးသည် ၂၀၂၁ ခုနှစ်၊ ဇွန်လဆန်းပိုင်းမှ စတင်၍ ရောဂါပြန့်ပွားမှုနှုန်း ပြန်လည်မြင့်တက်လာခဲ့ပြီး ဓာတ်ခွဲအတည်ပြုလူနာ အသစ်များ နေ့စဉ်တွေ့ရှိ ရသဖြင့် ရောဂါကာကွယ်ရေးနှင့် ထိန်းချုပ်ရေးလုပ်ငန်းအပြင် ကုသရေးလုပ်ငန်းများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု မရှိစေရေးအတွက် ကာကွယ်ရေး လုပ်ငန်းများကို ဦးစားပေးဆောင်ရွက်ရန် အထူးလိုအပ်လျက်ရှိပြီး ရောဂါကူးစက်မှု မရှိစေရန်အတွက် နာဂဒေသ၊ နန်းယွန်းမြို့၏ စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင်ရောင်းချသူများ လက်ဝယ်အရောက် အသိပေးအကြောင်းကြားစာများကို ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။ 

 

အဆိုပါ ညွှန်ကြားချက်များကို စားသောက်ဆိုင်နှင့် လက်ဖက်ရည်ဆိုင် ရောင်းချသူများ လိုက်နာ ဆောင်ရွက်ခြင်း မရှိပါက ဥပဒေနှင့်အညီ အရေးယူဆောင် ရွက်သွားမည်ဖြစ်ကြောင်းသိရသည်။ 

ဟန်ကမ်း(ပြန်/ဆက်)