ကျောက်ထုမြို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဆိုင်ရာလုပ်ငန်းများ ပန်းခင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်း အခမဲ့ဆောင်ရွက်ပေး 

ကျောက်ထု  ဇူလိုင် ၅ 

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါခရိုင်၊ ဆောမြို့နယ် ကျောက်ထုမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့ အင်အားဆိုင်ရာ လုပ်ငန်းများအား ကျောက်ထုမြို့ရှိ ( လ - ဝ- က ) ဦးစီး မှူးရုံး၌ ပန်းခင်းစီမံချက်နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် အိမ်ထောင်စု လူဦးရေစာရင်းများကို ဇူလိုင် ၂ ရက်နေ့နှင့် ၃ ရက် နေ့များတွင် နံနက် ( ၉ ) နာရီ မှ ညနေ ( ၅ ) နာရီ အထိ နေ့ခြင်းပြီး အခမဲ့ ဆောင်ရွက်ပေးသည်။ 

အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ကြရာတွင် ဆောမြို့နယ် လူဝင်မှုကြီးကြပ်ရေး ပြည်သူ့အင်အား ဆိုင်ရာ ဦးစီးဌာန ဦးစီးအရာရှိ ဦးတင်ကိုကိုဝင်းက ဦးဆောင်လျက် ဌာနဝန်ထမ်း (၄) ဦးဖြင့် ပူးပေါင်း ဆောင်ရွက်ကာ အိမ်ထောင်စုလူဦးရေ စာရင်း ၁၃၀  နှင့် နိုင်ငံသားစိစစ်ရေးကတ်ပြား ၁၀၁ ခုတို့ကို အခမဲ့ ဆောင်ရွက်ပေးကြသဖြင့် ဒေသခံပြည်သူများမှ ကျေးဇူးတင်လျက် ရှိကြကြောင်း သိရသည်။

မောဟေမာန်