ရွာသစ် ဩဂုတ် ၁၁
ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ရွာသစ်မြို့ အမကဝမ်ဟော်ကျောင်းတွင် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကို ယနေ့ နံနက်ပိုင်း က အဆိုပါကျောင်း၌ ကျင်းပသည်။
ရှေးဦးစွာ နောင်ဆိုင်ကျောင်းဆရာတော်ထံမှ ငါးပါးသီလ ခံယူဆောက်တည်ကြပြီး ရွာသစ်မြို့ အမက ဝမ်ဟော်ကျောင်း ဆရာ၊ ဆရာမများက ဝါဆိုသက်န်းနှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ လှူဒါန်းကြသည်။
ယင်းနောက် လှူဒါန်းမှုအစုစုအတွက် ဆရာတော်ထံမှ အနုမောဒနာရေစက်ချ တရားနာယူကြပြီး နေ့ဆွမ်းဆက်ကပ် လှူဒါန်းခဲ့ ကြောင်း သိရသည်။
နန်းဆွေဆွေအေး(ပြန်/ဆက်)