ရေဖြူ၌ မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲကျင်းပ

ရေဖြူ ဇူလိုင် ၅

သစ်ပင်သစ်တော၏ တန်ဖိုးကို နားလည်ချစ်မြတ်နိုးသည့် စိတ်ဓာတ်ကို ဖော်ဆောင်ပေးရန် ရည်ရွယ်၍ မိုးရာသီ ကာလ သစ်ပင်စိုက်ပျိုးပွဲကို ယမန်နေ့က ရေဖြူမြို့နယ်၊ သစ်တောဦးစီးဌာနက ရေဖြူမြို့၊ (က)ရပ်ကွက် ဘုရား နှစ်ဆူတောင်ခြေ၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ‌တော်သို့ ရေဖြူမြို့စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမိုးဆန်းထွန်းနှင့် အဖွဲဝင် များ၊ ဌာနပေါင်းစုံမှ ဦးစီးမှူးနှင့် ဝန်ထမ်းများ၊ လူမှူရေးအသင်းအဖွဲ့ဝင်များ တက်ရောက်ပြီး စုပေါင်းစိုက်ပျိုး စိုက်ပျိုးခဲ့ကြသည်။

ယနေ့ သစ်ပင်စိုက်ပျိုးပွဲတော်တွင် သစ်တောဦးစီးဌာနမှ ပျိုးထောင်ထားသော ပျိုးပင်ပေါင်း (၃၅၀)စိုက်ပျိုးခဲ့ပြီး ကျွန်း၊ ပျဉ်းကတိုး၊ မန်ဂျန်ရှား၊ ပိတောက်၊ အင်ကြင်း၊ ပိန္နဲ၊ မယ်ဇလီနှင့် မလေးရှားပိတောက်ပင်များ ဖြစ်ကြောင်း သိရသည်။