မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ 

မြို့သစ် ဇူလိုင် ၅ 

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊  မြို့သစ်မြို့တွင် မြို့နယ်အဆင့် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီ အချိန်က မြို့နယ် အထွထွေအုပ်ချုပ်ရေးဦးစီးဌာန စည်းအဝေးခန်းမ၌ ကျင်းပသည်။ 

အစည်းအဝေးတွင် မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မ တီဥက္ကဋ္ဌ  ဦးကျော်ဝင်းထက်က  ပြည်သူများ  နေအိမ်ပြင်ပသွားလာရာတွင် ပါးစပ်၊    နှာခေါင်းစည်း (Mask) တပ်ဆင်သွားလာရေး အသိပညာပေး ဆောင်ရွက်ရန်၊ Stay  at    Home သတ်မှတ်ထား သော  မြို့နယ်များမှ  ပြန်လာသူများကို သတင်းပေးပို့ပြီး Test  Kits ဖြင့် စစ်ဆေးရန် ၊ ရပ်ကွက်နှင့် ကျေးရွာများတွင် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ခြင်းများ ကြေညာဆောင်ရွက်ရန်၊ လူစည် ကားရာနေရာများတွင် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေရန်နှင့် အသိပညာပေး ဗီနိုင်း/ ပိုစတာများကို ချိတ်ဆွဲ/တပ်ဆင်/ပြသထားရှိရန်  ဆွေးနွေးပြောကြားသည်။ 

ဆက်လက်၍ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးအောင်ကိုနိုင်က Quarantine Centre များကိုလည်း သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ကြိုတင်ပြင်ဆင်ထားရှိရန်နှင့် Positive လူနာများတွေ့ရှိလာ ပါက  သီးသန့်ဆောင်တွင် ထားရှိကုသဆောင်ရွက်သွားမည့် လုပ်ငန်းများကို    အသေးစိတ်ရှင်း လင်းတင်ပြသည်။ ထို့နောက် ပိုးတွေသူများကုသ‌ရေး၊ နေထိုင်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် အခက် အခက်အခဲမဖြစ်ပေါ်စေရေး လိုအပ်သည်များကို ကော်မတီဝင်များက ဝိုင်းဝန်းဆွေးနွေး တင်ပြကြရာ တင်ပြလာမှုအပေါ်  ကော်မတီဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်း    ဖြေရှင်းဆောင်ရွက ်ပေးခဲ့ပြီး ဆက်လက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များကို ဆွေးနွေးမှာကြားသည်။ 

အဆိုပါ  အစည်းအဝေးသို့  မြို့သစ်မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးကျော်ဝင်းထက်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာတာဝန်ရှိသူများ၊ လုပ် ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။ 

ကိုဇော်