ပင်လည်ဘူး ဇူလိုင် ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့တွင် ယနေ့ နံနက် ၇ နာရီ အချိန်မှ စတင်၍ ပင်လည်ဘူးမြို့၏ လူစည်ကားနေရာဖြစ်သည့် စည်ပင်သာယာစျေးရှေ့ လမ်းမကြီး ပေါ်နှင့် စျေးအတွင်း၌ ကိုဗစ် - ၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် Mask Campaign ပြုလုပ်ကာ အသိပညာပေးခြင်း လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
Mask Campaign ပြုလုပ်ရာတွင် ပင်လည်ဘူးမြို့ စည်ပင်သာယာစျေးအတွင်းသို့ စျေးရောင်းချရန်လာသူများ၊ စျေးလာဝယ်သူများ လမ်းသွားလမ်းလာ အများပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် Mask များ တပ်ဆင်စေခြင်းနှင့် အသိပညာ များပေးခြင်း တို့ကိုဆောင်ရွက်ပြီး၊Mask များကို အခမဲ့ လိုက်လံဝေငှခဲ့ကြောင်း သိရသည်။
အဆိုပါ Mask Campaign ပြုလုပ်ရာတွင် မြို့နယ်အဆင့်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ဦးစိန်သောင်းက ဦးဆောင်၍ မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ မြို့နယ်ရဲတပ်ဖွဲ့ရဲမှူးနှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ ဝန်ထမ်း များက ပူးပေါင်းပါဝင် ဆောင်ရွက်ပေးကြကြောင်း သိရသည်။
အေးဝင်းခိုင်