မြို့သစ် ဇူလှိုင် ၅
မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်ဝါးကြီးအိုင့်ကျေးရွာနှင့် လေးတိုင်စင်သို့ ဆက်သွယ်ထားသောလမ်းတွင် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးလက်နေ ပြည်သူများ၏ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုးတက်ရေးကို စဉ်ဆက်မပြတ် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ နှစ်စဉ်မိုးတွင်းကာလရောက်တိုင် အမြဲချောင်းရေကြီးခြင်း ဖြစ်တဲ့အတွက် အဆိုပါလမ်းပိုင်းရှိ ကားများသွားရေးလာရေး အခက်အခဲများဖြင့် နှစ်စဉ်ကြုံတွေရသော လမ်းရှိ ရေကျော်ကို စတင်ဆောင်ရွက်ခဲ့ကာ ၂၀၂၀-၂၀၂၁ ဘဏ္ဍာနှစ်ဧပြီလ (၅ ) ရက်နေ့တွင် စတင်ဆောင်
ရွက်ခဲ့ပြီး တာဝန်ယူဆောင်ရွက်သည့် ကုမ္မဏီ မှ (CapacityBuild Engineering Co.Ltd) မှ တာဝန်ယူပြီး ဆောင်ရွက်ခဲ့ရာ အဆိုပါရေကျော်အား အသုံးပြုမည့် ကျေးရွာပေါင်း (၁၁) ရွာအိမ်ခြေပေါင်း (၁၉၁၀) အိမ်ရှိပြီး လူဦးရေမှာ (၁၆၆၂) ဦးအတွက် များစွာအကျိုးသက်ရောက်မှုရှိပါသည်။
ဆက်လက်၍ တိုင်းဒေသကြီးခွင့်ပြုငွေကျပ် (၂၃၉.၈၅၀) ဖြင့်ဆောင်ရွက်လျက်ရှိရာ ပြီးစီးမှု ရာခိုင် နှုန်းမှာ (၅၀) ရာခိုင်နှုန်းပြီးစီးမှု အခြေအနေကို မြို့နယ်ကျေးလက်လမ်းဦးစီးဌာန ဦးစီးအရာရှိ ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက သွားရောက်စစ်ဆေးခဲ့ကြောင်း သိရသည်။
ကိုဇော်(မြို့သစ်)