မြို့သစ်မြို့နယ်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအား ပါဆယ်စနစ်ဖြင့်သာ  ရောင်းချရန် အသိပေးကြေညာ 

မြို့သစ် ဇူလိုင် ၅

 

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် လူစု လူဝေး မဖြစ်ပေါ်စေရေးအတွက်   မြို့သစ်မြို့နယ်   စည်ပင်သာယာရေးနယ်နိမိတ်အတွင်း   ရောင်းချလျက်ရှိသော စားသောက် ဆိုင်နှင့် လက်ဖက်ရည်ဆိုင်များအားယနေ့ နံနက်ပိုင်းမှ စတင်၍ ပါဆယ်စနစ်ဖြင့်သာ ရောင်းချရန် အသိပေးကြေညာထားကြောင်း  မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ 

အဆိုပါ အသိပညာပေးကြေညာချက်တွင် စားသောက်ဆိုင်၊ လက်ဖက်ရည်ဆိုင်များအနေဖြင့် ယနေ့နံနက်ပိုင်းမှစတင်၍ စားသုံးသူများကို ဆိုင်ထိုင်စားသောက်ခြင်း ခွင့်မပြုရန်၊ စားပွဲ ၊ ကုလား  ထိုင်များ သိမ်းဆည်းထားရန်နှင့် ပြည်သူများအနေဖြင့်လည်း  ဆိုင်ထိုင်စားသုံးခြင်း လုံးဝမပြုလုပ်ဘဲ ပါဆယ်ဝယ်ယူစားသုံးခြင်းဖြင့်    ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ကာကွယ်ရေးအတွက် ဝိုင်းဝန်း ကူညီကြရန် နှိုးဆော်ထားကြောင်း သိရသည်။ 

ဝင်းအိဇွန်