မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ်တွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် ကုလသမ္မဂ္ဂစားနပ်ရိက္ခာနှင့်စိုက်ပျိုးရေးအဖွဲ့ (FAO) တို့ ပူးပေါင်းပြီး ယမန်နေ့ နံနက်ပိုင်းက ရေငံကျေးရွာနှင့် အင်းကုန်းကျေးရွာများသို့ သွားရောက်ကာ သရက်ပျိုးပင်များနှင့် ပဲတီစိမ်းမျိုးစေ့များ ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိ ရသည်။
ထိုသို့ ထောက်ပံ့ရာတွင် ရေငံကျေးရွာရှိ စိုက်ပျိုးရေးတောင်သူ (၂၀) ဦးအနက် အကျိုးဆောင် တောင်သူတစ်ဦးအား စိန်တစ်လုံးသရက်ပျိုးပင် (၅၅) ပင်နှင့် ပဲတီစိမ်းမျိုးစေ့ (၄) ပြည် ထောက်ပံ့ပေးပြီး အဖွဲ့ဝင် (၁၉) ဦးအား တစ်ဦးလျှင် ပဲတီစိမ်းမျိုးစေ့ (၂) ပြည် ထောက်ပံ့ပေးအပ်ခဲ့သည်။ ဆက်လက်၍ အင်းကုန်း ကျေးရွာရှိ တောင်သူ (၂၀) ဦးအနက် အကျိုးဆောင်တောင်သူတစ်ဦးအား စိန်တစ်လုံးသရက်ပျိုးပင် (၅၅) ပင်နှင့် ပဲတီစိမ်းမျိုးစေ့ (၄) ပြည် ထောက်ပံ့ပေးပြီး အဖွဲ့ဝင် (၁၉) ဦးအား ပဲတီစိမ်းမျိုးစေ့ (၂) ပြည် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။
နတ်မောက်မြို့နယ်အတွင်းရှိ စိုက်ပျိုးရေးတောင်သူများ သီးနှံရောနှောစိုက်ခင်းနည်းစနစ ်ဖြစ်ထွန်းအောင်မြင်စေရေး ရည်ရွယ်ချက်ဖြင့် ယခုလိုထောက်ပံ့ပေး ရတာဖြစ်ကြောင်း ကုလသမဂ္ဂစားနပ်ရိက္ခာနှင့် စိုက်ပျိုးရေးအဖွဲ့ (FAO) ကိုယ်စား (CESVI – NGO) မှ တာဝန်ရှိသူတစ်ဦးမှပြောကြားခဲ့ကြောင်း သိရသည်။
သင်းသင်းမြတ် (နတ်မောက်)