သံတောင်ကြီးမြို့နယ်၊ ဆူးပုတ်မြောင်ကျေးရွာတွင် (Cashor for Work) စီမံကိန်းဆောင်ရွက်မှုအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

သံတောင်ကြီး  သြဂုတ် ၁၁

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် ကောင်အထည်ဖော်ဆောင်ရွက် လျက်ရှိသော (Cash for Work) စီမံကိန်း လုပ်ငန်းဆောင်ရွက်နေသည့် စီပင်ကလေးကျေးရွာအုပ်စု၊ ဆူးပုတ်မြောင်ကျေးရွာ လမ်းပြုပြင်ဆောင်ရွက်နေမှု များကိုမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်စီးမှူးဦး ချမ်းငြိမ်းဝင်းနှင့် ဝန်ထမ်းများက ယမန်နေ့နံနက်ပိုင်းက သွားရောက်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ထိုသို့ကွင်းဆင်းရာတွင် ဆူးပုတ်မြောင်ကျေးရွာလမ်းအား ပြုပြင်ဆောင်ရွက်ရန်အတွက် ကျေးလက်ဒေသဖွံ့ဖြိုးတိုတက်ရေးဦးစီးဌာန မှ ငွေကျပ်သိန်း (၁၀၀)ပေးအပ်ခဲ့ပြီး ကျေးရွာအတွင်းလမ်းအရှည် (၂၅၀၀)ပေ၊ အကျယ်(၁၄)ပေပြုပြင်ဆောင်ရွက်ခြင်း၊ အလျား(၂၅၀၀)ပေ၊ အကျယ်(၁)ပေ (၆)လက်မ၊ အနက်(၂)ပေရေနှုတ်မြောင်းများတူးဖော်ခြင်း၊အလျား(၄၀၀)ပေ၊အကျယ်(၁၀)ပေ၊အထူ(၆)လက်မကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်းများကိုဆောင်ရွက်ခဲ့ပြီး၊ လုပ်ငန်းများကို၂၀၂၀ပြည့်နှစ် ဇူလိုင်လ ၂၃ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နိုင်ငံတော်မှကိုဗစ်-၁၉ရောဂါကြောင့် ကျေးလက်ဒေသနေမိသားစုများ ဝင်ငွေနည်းပါးလာခြင်းကြောင့် မိသားစုများဝင်ငွေရ ရှိနိုင်ရန်အတွက် ရည်ရွယ်ပြီး ဆောင်ရွက်သောစီမံကိန်းဖြစ်ကြောင်း၊ အဆိုပါစီမံကိန်းကြောင့် မိမိတို့ဒေသအတွင်း အခြေခံအဆောက်အဦများ လမ်းတံတားများကို ဒေသခံပြည်သူများ ကိုယ်တိုင်ဆောင်ရွက်စေပြီး လုပ်အားခပေးချေသည့်အတွက် ကျေးရွာနေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိ၍ ဝင်ငွေရရှိစေမည်ဖြစ် ကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)