ညောင်တုန်းမြို့နယ်၌ သဘာဝမြစ်ချောင်း ရေပြင်များအတွင်း ငါးမျိုးစိုက်ထည့်သည့် အခမ်းအနား ကျင်းပ

ညောင်တုန်း ဇူလိုင် ၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်ရှိ သဘာဝမြစ်ချောင်း အင်းအိုင်များအတွင်း ငါးသယံဇာတများ ရေရှည်တည်တံ့စေရေး၊ ငါးထုတ်လုပ်မှု ဖွံ့ဖြိုးတိုးတက်စေရေး၊ ငါးမျိုးကောင်း မျိုးသန့်များ ပြန့်ပွားစေရေးနှင့် ဒေသတွင်း ကျေးလက်နေပြည်သူများ ငါးရိက္ခာ ပိုမိုစားသုံးနိုင်ရေး ရည်ရွယ်၍ ငါးလုပ်ငန်းဦးစီးဌာနမှ သဘာဝမြစ်ချောင်းအင်းအိုင်များအတွင်း ငါးမျိုးစိုက်ထည့်ခြင်း အခမ်း အနားကို ယနေ့ နံနက် ၉ နာရီအချိန်က ညောင်တုန်းမြို့နယ်၊ ဆားအလောက်ကျေးရွာ၊ ပန်းလှိုင်ရေထိန်း တံခါး၌ ကျင်းပခဲ့သည်။

အဆိုပါ အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦး‌ကျော်စိုး၊ ဧရာဝတီတိုင်းဒေသကြီး၊ တိုင်းငါးလုပ်ငန်းဦးစီးဌာန၊ ဒုတိယတိုင်ဦးစီးဌာနမှူး ဦးသော်ထွန်းဦး၊ မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီး ဌာနမှူး ဦးဆန်းဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်း များ၊ မြို့နယ်ဌာနဆိုင်ရာများ၊ မြို့နယ်ငါးလုပ်ငန်းအဖွဲ့ချုပ်မှ တာဝန်ရှိသူများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ဒေသခံအင်းသားကြီးများနှင့် ရေလုပ်သားများ တက်ရောက်ကြပြီး ငါးမြစ် ချင်းသားပေါက် စုစုပေါင်း အကောင်ရေ(၁၀) သိန်းအား ငါးမျိုးစိုက်ထည့်ပေးခဲ့ကြောင်း သိရသည်။