ကျောက်တံခါး ဇူလိုင် ၂
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ် သမဝါယမဦးစီးဌာနပိုင် ဂိုထောင် Quarantine Centre တွင်ထားရှိသည့် သံသယလူနာ(၁၁၀)ဦးအား ယမန်နေ့ နံနက် ၁၁ နာရီတွင် RDT စနစ်ဖြင့် ဆေးစစ်ခဲ့ရာ (၃၀)ဦး ပိုးတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိသူ(၃၀)ဦးသည် မင်းတန်းကျေးရွာ(၁၈)ဦး၊ အောင်မြင်ကျေးရွာမှ(၄)ဦး၊ ပဲနွယ်ကုန်းမြို့မှ(၄)ဦး၊ ဖဒိုမြို့မှ(၂)ဦး၊ နတ်လောင်းကျေးရွာ မှ(၁)ဦး၊ ကလောင်ကျေးရွာမှ(၁)ဦး ဖြစ်ပြီး ယခုအခါ ကျောက်တံခါးမြို့နယ်တွင် ပိုးတွေ့ လူနာစုစုပေါင်း(၆၂)ဦးအထိ ရှိလာပြီးဖြစ်သဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်-၁၉ စည်းကမ်းချက်များအား ပြည်သူများလိုက်နာ ဆောင်ရွက် ကြရန် ကျန်းမာရေးဦးစီးဌာနက တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူ(၃၀)ဦးအား သက်ဆိုင်ရာဒေသရှိ တိုက်နယ်ဆေးရုံ များနှင့် မြို့နယ်ပြည်သူ့ဆေးရုံတို့တွင် ထားရှိပြီး ဆေးကုသလျက်ရှိကြောင်း သိရသည်။
စန်းစန်း