ကျွန်းလှ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး ၊ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့၊ သီတဂူဗုဒ္ဓတက္ကသိုလ်တွင် ပညာ သင်ကြားနေသော သံဃာတော်များအား ယနေ့ မွန်းလွှဲ(၁)နာရီက သီတဂူ ဓမ္မာရုံ၌ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးထိုးနှံပေးကြောင်းသိရသည်။
ကိုဗစ်-၁၉ ရောဂါဆေးမထိုးနှံမှီ မြို့နယ်ကျန်းမာရေးဦးစီးဌာန၊ ဝန်ထမ်းများက သံဃာတော် များအား အပူချိန်တိုင်းခြင်း၊ သွေးပေါင်ချိန်ခြင်းနှင့် ကျန်းမာရေး စစ်ဆေးမှုများ ဆောင်ရွက် ပေးကြကြောင်းသိရသည်။
အဆိုပါ သံဃာတော်(၈၄)ပါးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးထိုးနှံပေးနေခြင်းကို သီတဂူဗုဒ္ဓတက္ကသိုလ်(ကျွန်းလှ) ပါမောက္ခချုပ်ဆရာတော် ဒေါက်တာ အရှင်သောဘိတ ၊မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးနှင့် တာဝန်ရှိသူတို့က ကြည့်ရှုအားပေးကြပြီး လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
မျိုးဝင်းညို (ကျွန်းလှ)