မြင်းမူ ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းခရိုင်၊ မြင်းမူမြို့နယ် ထီးဆောင်းကျေးရွာနှင့် ကန်တော် ကျေးရွာကြားရှိ မလဲပြွတ်ဘုရားဝင်းအတွင်း ယနေ့ နံနက်ပိုင်းက မြို့နယ်သစ်တောဦးစီး ဌာနက ဦးဆောင်လျက် ၂၀၂၁ ခုနှစ် မိုးရာသီစုပေါင်း သစ်ပင်စိုက်ပျိုးပွဲကိုပြုလုပ်ခဲ့ကြောင်း သိရသည်။
ကျွန်တော်တို့ ဌာနအနေဖြင့် နှစ်စဉ်ယခုလိုမိုးကျရာသီဖြစ်သည့် ဇွန်လအတွင်း စုပေါင်းသစ်ပင် စိုက်ပျိုးလျက်ရှိသည့်အပြင် ပျိုးဥယာဉ်အတွင်း ပျိုးထောင်ထားရှိသည့် အပင်အမြင့်(၂)ပေနှင့် အထက်ရှိ ပျိုးပင်များကိုလည်း စိုက်ပျိုးလိုသူပြည်သူများ၊ ဌာနဆိုင်ရာများနှင့် အသင်း အဖွဲ့များသို့လည်းဖြန့်ဝေပေးလျှက်ရှိကြောင်း၊ ယခုစုပေါင်းသစ်ပင်စိုက်ပျိုးပွဲတွင် ဒေသရာသီ ဥတုနှင့် ကိုက်ညီသည့် ကျွန်းပင်(၁၉၀)၊ တမာပင်(၅၀)၊ ယင်းမာပင်(၅၀)နှင့် ဇီးဖြူပင် (၁၀)ပင်တို့ကိုစိုက်ပျိုး ပေးသွားမည်ဖြစ်ကြောင်း မြို့နယ်သစ်တောဦးစီးဌာန၊ မြို့နယ်ဦးစီးမှုး ဦးရဲဝင့်နိုင်ထံမှသိရသည်။
ယခုစိုက်ပျိုးပွဲသို့ မြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲကိုကို ဦးဆောင်လျက် ဌာနဆိုင်ရာဝန်ထမ်းများနှင့် မြို့နယ်အမျိုးသမီးရေးအဖွဲ့ဝင်များ ပါဝင်စိုက်ပျိုးခဲ့ကြကြောင်းနှင့် မြို့နယ်သစ်တော်ဦးစီးဌာနရှိ ပျိုးဥယာဉ်အတွင်း စိုက်ပျိုးထားရှိသည့် ပျိုးပင်ပေါင်း(၃၃၁၀၀)ကိုလည်း ဖြန့်ဝေပေးလျက် ရှိကြောင်းသိရသည်။
အောင်စိုးဖေ(မြင်းမူ)