စစ်ကိုင်း ဇူလိုင် ၁
စစ်ကိုင်းမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာများ နေ့စဉ်နှင့်အမျှ တိုးပွားလာခြင်းကြောင့် ရောဂါ ပိုးတွေ့ရှိလူနာများနှင့် ထိစပ်သူများအား အရေးပေါ်ထားရှိနိုင်ရေး Quarantine Center များတိုးချဲ့ ဆောင်ရွက်နိုင်ရန် ယမန်နေ့ ညနေ(၄)နာရီက ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းထွန်းစိန်နှင့် အဖွဲ့ဝင်များသည် စစ်ကိုင်းနှစ်(၇၀၀)ကွင်းအတွင်း ကွင်းဆင်းကြည့်ရှူ့ စစ်ဆေးခဲ့ကြ ကြောင်းသိရသည်။
ထိုသို့ကြည့်ရှူ့စစ်ဆေးရာ ခရိုင်ကျန်းမာရေးဦးစီးဋ္ဌာနမှ တာဝန်ရှိသူများက ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိမှု၊ လက်ရှိဆေးကုသပေးနေမှုနှင့် Quarantine Center ထားရှိမှု အခြေအနေ များကို လည်းကောင်း၊နှစ်(၇၀၀)ကွင်းအတွင်းရှိ အရေးပေါ်လူနာ သယ်ယူပို့ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူများ က လက်ရှိ Quarantine Center ဝင်ရောက်နေမှု၊ အစားအသာက်ပံ့ပိုးပေးနေမှုနှင့် လျှပ်စစ်မီးရရှိ သုံးစွဲ နေမှု အခြေအနေများကို တင်ပြကြရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက လိုအပ်သည်များ ပေါင်းစပ် ညှိနှိုင်းဆောင် ရွက်ပေးခဲ့သည်။
စစ်ကိုင်းမြို့တွင် ဇူလိုင်(၁)ရက်နေ့၊ ညနေ(၄)နာရီအချိန်ထိ ကိုဗစ်- ၁၉ ရောဂါပိုးတွေ့ရှိလူနာ (၅၂)ဦး ရှိခဲ့ပြီး သေဆုံးသူ(၃)ဦး၊ ဆေးရုံမှဆင်းခွင့် ရရှိသူ(၅)ဦးရှိရာ လက်ရှိ ဆေးကုသမှုခံယူနေသူ(၄၄)ဦး ရှိကြောင်း သိရသည်။
ဇော်မြင့်နိုင်