ဟားခါးမြို့မရဲစခန်းတွင်ရာဇသတ်ကြီးဥပဒေပုဒ်မ၊၅၀၅(က)အမှုမှ(၂)ဦးအားအမှုရုပ်သိမ်း၍ ပြန်လည် စေလွှတ်

ဖလမ်း  ဇူလိုင်  ၂

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ဖလမ်းမြို့နယ်၊ မြို့မရဲစခန်းအချုပ်ခန်းတွင်ရာဇသတ်ကြီးဥပဒေ ပုဒ်မ၊၅၀၅(က)အမှုမှ ဦးစားပေးလွှတ်သင့်သူ(၂)ဦးအား အမှုရုပ်သိမ်း၍ ပြန်လည်စေလွှတ်မှုကို ဇွန်လ ၃၀ရက်နေ့ နံနက် ၉ နာရီအချိန်က ဖလမ်းမြို့နယ်ရဲတပ်ဖွဲ့မှူးရုံးခန်းမ၌ ပြုလုပ်ကြောင်း သိရသည်။

ရှေးဦးစွာ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်း၀င်းက နိုင်ငံတော်၏ဖြစ်ပေါ် ပြောင်းလဲတိုးတက်မှု အခြေအနေများအားရှင်းလင်းပြောကြားပြီး ဖလမ်းခရိုင်မြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က)အမှုမှ ဦးစားပေးလွှတ်သင့်သူကျား(၂)ဦးအားပြန်လည်စေလွှတ်သည်။ ထို့နောက် ပြန်လည်စေလွှတ်သူ (၂)ဦးအား ဖလမ်းခရိုင်ပြည်သူ့ဆေးရုံကြီး Facility Quarantine Centre သို့ပို့ဆောင်၍ ကျန်းမာရေးစစ်ဆေးဆောင်ရွက်ပေးကြောင်းသိရသည်။ အဆိုပါအခမ်းအနားသို့ ဖလမ်းခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်ရဲတပ်ဖွဲ့မှူးနှင့်ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့၀င်များ တက်ရောက်ကြကြောင်းသိရသည်။

ခရိုင်ပြန်/ဆက်