လေရှီး ဇူလိုင် ၂
စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ဒေသ လေရှီးမြို့ပေါ်တွင် နေထိုင်ကြသည့် ပြည်သူ များအနေဖြင့် Covid-19 ရောဂါနှင့်ပက်သတ်၍ ကျန်းမာရေးအတွက် အထူးသတိပြုစေရန် (Mask Campingn) အသိပညာပေး လုပ်ငန်းများကို ဇွန်လ၂၄ရက်နေ့မှ ၃၀ရက်နေ့အထိ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ယခုအခါ အသိပညာပေးကာလပြီးဆုံး၍ မြို့တွင်းနေပြည်သူများအနေဖြင့်နေအိမ်မှပြင်ပသို့ ထွက်ခွာ လာသူတိုင်း (Mask) နှာခေါင်းစည်းကိုမဖြစ်မနေတပ်ဆင်ရန်၊ တပ်ဆင်ခြင်းမရှိပဲ သွားလာနေပါက (Mask) နှာခေါင်းစည်း တစ်ခုလျင် ဒဏ်ငွေ (၁၀၀၀)ပေးဆောင် စေကာ ချက်ချင်းဝယ်ချက်ချင်း တပ်စနစ်ဖြင့်ပြု လုပ်ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
ဆိုင်းသား