ကသာမြို့နယ်၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီးရန်အတွက် Mask Campaign ဆောင်ရွက်

ကသာ ဇူလိုင် ၂

စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့၌ ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်တားဆီး ရန်အတွက် ခရီးသွားပြည်သူများ၊ ဒေသခံပြည်သူများနှင့် ဈေးရောင်း/ဈေးဝယ်ပြည်သူများအား နှာခေါင်းစည်းများ စနစ်တကျတပ်ဆင်သွားလာရေးနှင့် ကူးစက်ရောဂါများ ကြိုတင် ကာကွယ် နိုင်ရန်ရည်ရွယ်၍ ကသာမြို့ရှိ ပုလွေရွှေဆိပ်ကမ်း၌ ယနေ့ နံနက်(၈) နာရီခွဲ အချိန်က           Mask Campaign ဆောင်ရွက်သည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့နယ် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေး ပေါ်တုံ့ပြန် ရေးကော်မတီဝင်များဖြစ်သည့် မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်အုပ်ချုပ် ရေးမှူးများနှင့် ရပ်ကွက်စာရေးများ ပူးပေါင်း၍ ပြည်သူများအား ပါးစပ်နှာခေါင်းစည်း အခု(၁၀၀၀)ကို အခမဲ့ဖြန့်ဝေပေးခဲ့ပြီး ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးဆိုင်ရာ အသိပညာ ပေးခဲ့ကြသည်။

ထို့အပြင် ကသာမြို့နယ်အနေဖြင့် ခရီးသွားပြည်သူများနှင့် ဒေသခံပြည်သူများအတွက် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းအဖြစ် မြို့အဝင် ကျန်းမာရေးစစ်ဆေးရေးဂိတ်အား ဇွန်လ(၁၄)ရက်နေ့မှ ပြန်လည်ဖွင့်လှစ်ထားရှိပြီး မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် လူမှုရေး အသင်းအဖွဲ့များပူးပေါင်း၍ ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန် မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)