လေးမျက်နှာ ဇူလိုင် ၁
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ် အားကစားခန်းမတွင် ယနေ့နေ့လည် ၁နာရီအချိန်၌ ၂၀၂၁ ခုနှစ်၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာန ၊ မြို့နယ်အားကစား ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ် (TSDP)အရ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဖလား အမျိူးသားပိုက်ကျော်ခြင်းနှင့် ဖူဆယ်ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကျင်းပကြောင်း သိရသည်။
အဆိုပါ အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌဦးသိန်းဆိုင်မှ အဖွင့်အမှာစကားပြောကြားပြီး အားကစားသမားများမှ အားကစားသစ္စာဓိဌာန် ရွတ်ဆိုကြပါသည်။ ဆက်လက်၍ ကျောင်းသူလေးများမှ
ကိုဗစ်-၁၉အသိပညာပေး Fitness Danceအကများဖြင့်သရုပ်ပြဖျော်ဖြေခဲ့ပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များမှသရုပ်ပြအဖွဲ့များအား ဂုဏ်ပြုမှတ်တမ်းလွှာများနှင့် ဂုဏ်ပြုဆုငွေများချီးမြှင့်ပေးအပ်ခဲ့သည်။ ထိုနောက် မြို့နယ်စီမံအုပ်ချုပ်ရေးဥက္ကဌမှ မြို့နယ်ဖူဆယ်ဘောလုံးဆပ်ကော်မတီနှင့် မြို့နယ်ပိုက်ကျော်ခြင်း ဆပ်ကော်မတီတို့ကို အားကစားပစ္စည်းများ ပေးအပ်ခဲ့သည်။ အားကစားပြိုင်ပွဲများအား ဇူလိုင်လ(၃)ရက်နေ့မှစတင်ကျင်းပမှာဖြစ်ရာ ဖူဆယ်ဘောလုံးအသင်း (၇)သင်း၊ ပိုက်ကျော်ခြင်း အသင်း(၆)သင်းတို့ ပါဝင်ယှဉ်ပြိုင်ကြမှာဖြစ်ကြောင်းနှင့် ဆုချီးမြှင့်ပွဲ အား ဇူလိုင်လ (၆)ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။
အခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဆိုင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ် အားကစားနှင့် ကာယပညာဦးစီးဌာနမှမြို့နယ်အားကစားမှူးဦးတေဇာမျိူး နှင့် တာဝန်ရှိ သူများ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ ၊မြို့နယ်အားကစားဆပ်ကော်မတီအဖွဲ့ဝင်များနှင့် အားကစားသမားများတတ်ရောက်ခဲ့ကြသည်။
ကျော်ဟိန်း