အုတ်တွင်း ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ အုတ်တွင်းမြို့နယ်တွင် လက်တလော ဖြစ်ပေါ်လျက် ရှိသော ကိုဗစ်-၁၉ တတိယလှိုင်း အသိပညာပေးခြင်းနှင့် ကာကွယ်တားဆီးရေး လုပ်ငန်းများကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် မြို့အတွင်း လူစည်ကားရာ နေရာများဖြစ်သည့် ပဲခူးလမ်း ရပ်ကွက်၊ ဘုန်းတော်တိုး ဘုန်းတော်ပွင့် ဘုရားအနီး ၊ ရန်ကုန်-မန္တလေးလမ်း၊ ပြည်-ပေါက်ခေါင်းလမ်း နှင့်မြို့မဈေးကြီးတွင် ကိုဗစ်-၁၉ ကာကွယ်ရေး အသိပညာပေး ဆိုင်းဘုတ်များ စိုက်ထူခဲ့ကြသည်။
အဆိုပါ ရောဂါကာကွယ် တားဆီးရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချူပ်ရေးအဖွဲ့ဉက္ကဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာများ ပူးပေါင်းကာ နှာခေါင်းစည်း Mask များ ဖြန့်ဝေခြင်း၊ ကြက်သွန်ခင်း-၂ ရပ်ကွက်၊ မိုးကုတ်ဝိပ္ပဿနာကျောင်းတွင် ဖွင့်လှစ်ထားသော Quarantine Centre နှင့် မိုးလုံလေလုံအားကစားကွင်းတွင် ဖွင့်လှစ်ထားသော ကုသရေးဆောင်များသို့ သွားရောက်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ခင်ခင်မာ