ရွှေကျင် ဇူလိုင် ၁
ပဲခူးတိုင်းဒေသကြီး၊ ရွှေကျင်မြို့နယ်တွင် ဇူလိုင် ၁ ရက်နေ့ နံနက်ပိုင်းအထိ ကိုဗစ်-၁၉ ရောဂါပိုး ရှိသူ(၅) ဦးအထိ တွေ့ရှိလာပြီဖြစ်ကြောင်း သိရသည်။
ရွှေကျင်မြို့နယ်၊ ရှမ်းကြေးရပ်ကွက်နေ ဦးဇော်မင်းအောင်(ဘ)ဦးညိုဝင်း (၃၂) နှစ် အရောင်းအဝယ် လုပ်ကိုင်သူသည် ဇွန်လ ၃၀ ရက်ညနေပိုင်းက အပူချိန်မြင့်တက်ခြင်း၊ လည်ချောင်းနာခြင်း ၊ အနံ့မရ ဖြစ်ခြင်းတို့ကြောင့် ရွှေကျင်မြိုနယ် ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ကုတင် (၁၀၀) ပြည်သူ့ဆေးရုံသို့ ဆေးကုသနိုင်ရေး စီစဉ်ဆောင်ရွက်ပေးခဲ့ပြီး ကျန်းမာရေး ဦးစီးဌာနမှ RDT စနစ်ဖြင့် စစ်ဆေးခဲ့ရာ ကိုဗစ်-၁၉ ရောဂါပိုး စတင်တွေရှိသည်။
အဆိုပါ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိသူနှင့် ထိတွေ့ခဲ့သူ(၂၅) ဦးအား ကုတင် (၁၀၀) ပြည်သူ့ဆေးရုံတွင် ကျန်းမာရေးဦးစီးဌာနမှ ယနေ့နံနက် ၈ နာရီမှစ၍ RDT စနစ်ဖြင့် စစ်ဆေးခဲ့ရာ (၁) ဒေါ်ထက်ထက်မိုးလွင်(၂၆) နှစ် ဂန့်ဂေါ်ဝိုင်းရပ်ကွက်၊ (၂) ဒေါ်မေသဉ္ဇာဦး (၃၇) နှစ် ပန်းဘဲတန်ရပ်ကွက်၊ မပြည့်ဖူးအောင်(၁၅)နှစ် ပန်းဘဲတန်ရပ်ကွက်၊ (၄) ဦးအောင်သူ(၂၁)နှစ် ရှမ်းကြေးရပ်ကွက်၊ တို့(၄)ဦးတွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့ပြီး ကျန်(၂၁)ဦးတွင် ရောဂါပိုးမတွေ့ရှိကြောင်း သိရသည်။
အဆိုပါ ကိုဗစ်ပိုး တွေ့ရှိလူနာစုစုပေါင်း (၅) ဦးအား ကုတင်(၁၀၀)ပြည်သူ့ဆေးရုံ သီးသန့်ကုသဆောင်တွင် ဆေးကုသမှု ခံယူလျက်ရှိပြီး ကိုဗစ်-၁၉ရောဂါပိုး မတွေ့ရှိသူ (၂၁) ဦးအား ပန်းငွေရုံတောရကျောင်း (Quarantine Centre) တွင်ထားရှိပြီး ကျန်းမာရေး ဆက်လက်စောင့်ရှောက် သွားမည်ဖြစ်ကြောင်း သိရသည်။
ထွန်းထွန်းဇော်