ခန္တီးမြို့တွင် ကိုဗစ်-၁၉ ရောဂါပိုး (၇) ဦးစတင်တွေ့ရှိ

 

ခန္တီး  ဇူလိုင်   

 

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ဇွန်လ (၃၀) ရက်နေ့က သီတဂူမျက်စိကုဆေးရုံ (CBFQ) တွင် ကျန်းမာရေးမကောင်း၍ အနံ့မရသဖြင့် ၄င်းနှင့်အတူနေ မိသားစုဝင်(၃)ဦးနှင့် ခရိုင်ပညာရေးမှူးရုံးမှ ဝန်ထမ်း(၁)ဦးတို့အား Covid-19 ရောဂါပို့း ရှိ/မရှိ RDT Tast Kit ဖြင့် စစ်ဆေးရာရောဂါပိုး စတင်တွေ့ရှိခဲ့သဖြင့် ၄င်းတို့အပါ အဝင် စုစုပေါင်း (၁၅) ဦး စစ်ဆေးရာ (၇) ဦး တွေ့ရှိခဲ့ကြောင်း သိရသည်။

 

အဆိုပါ ပိုးတွေ့လူနာ(၇)ဦးကို ခန္တီးမြို့ ပြည်သူ့ဆေးရုံရှိ သီးခြားသတ်မှတ်ထားသည့် နေရာ၌ ကျန်းမာရေးစောင်ရှောက်မှုများ ဆောင်ရွက်လျက်ရှိပြီး လူနာနှင့်ထိတွေ့ခဲ့သူမိသားစု ဝင်များအား ၄င်းတို့၏ နေအိမ်အသီးသီးတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာန၏ ညွှန်ကြားချက်များနှင့်အညီ အသွားအလာကန့်သတ်စောင့်ကြည့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

 

ဒီဇိုင်း(ရတနာမြေ)