ပဲခူး သြဂုတ် ၁၁
ပဲခူးမြို့ အမှတ်(၁)အခြေခံပညာ အထက်တန်းကျောင်း၊ သီရိပညာခန်းမတွင် ဩဂုတ် ၁၁ရက် နံနက် ၈ နာရီက ပဲခူးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်းများအတွက် အမျိုးသားစာပေဆုရ စာရေး ဆရာ ဒေါက်တာ ဦးဖြေ (မြန်မာ့အလင်းသတင်းထောက်) LUXURY DRUG (နိုင်ငံခြား ဆေးများ) ဖြန့်ချိရေး မိသားစုမှ COVID-19 အကာအကွယ်ပစ္စည်းများ ပေးအပ်လှူဒါန်းခြင်း အခမ်းအနား ကျင်းပခဲ့သည်။
အခမ်းအနားသို့ ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ်ဦးအုန်းမြင့်၊ တိုင်းဒေသကြီး ပညာရေး ညွှန်ကြားရေးမှူး ဆရာကြီး ဦးစန်းအောင်၊ ပဲခူးမြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်နုနုခင်နှင့် အခြေခံပညာအထက်တန်း ကျောင်း (၈)ကျောင်းမှ ကျောင်းအုပ်ဆရာမကြီးများ၊ ပဲခူးမြို့နယ် စာရေးဆရာအသင်းဥက္ကဋ္ဌ ဒေါ်ခင်ဝတ်ရည် နှင့် အဖွဲ့ဝင်များ၊ အလှူရှင်မိသားစုများ တက်ရောက်ကြပြီး ပဲခူးတိုင်းဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်က အဖွင့်အမှာစကားပြောကာ အလှူရှင် အမျိုးသားစာပေဆုရ စာရေးဆရာ ဒေါက်တာဦးဖြေ (မြန်မာ့အလင်းသတင်းထောက်) LUXURY DRUG (နိုင်ငံခြားဆေးများ)ဖြန့်ချိရေးက လှူဒါန်းရခြင်းနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားသည်။
ထို့နောက် အလှူရှင် အမျိုးသားစာပေဆုရ စာရေးဆရာဒေါက်တာဦးဖြေ (မြန်မာ့အလင်း သတင်း ထောက်) LUXURY DRUG(နိုင်ငံခြားဆေးများ)ဖြန့်ချိရေးက ပဲခူးမြို့ပေါ်ရှိ အခြေခံ ပညာ အထက်တန်း ကျောင်း(၈) ကျောင်းရှိ ကျောင်းသား/သူများအတွက် ကိုဗစ်−၁၉ အကာအကွယ်ပစ္စည်းများဖြစ်သည့် အပူချိန် တိုင်းစက် (၈)လုံး၊ နှာခေါင်းစည်း(၄၀၀၀)ခုနှင့် လက်သန့်ဆေးရည်(၁၀)ဒါဇင်တို့အား ပဲခူးတိုင်း ဒေသကြီး ဥပဒေချုပ် ဦးအုန်းမြင့်နှင့် တိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်ထံ ပေးအပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ပဲခူးတိုင်းဒေသကြီးပညာရေးညွှန်ကြားရေးမှူး ဆရာကြီးဦးစန်းအောင်နှင့် ပဲခူးမြို့ ပညာရေးမှူး ဆရာမကြီးဒေါ်နုနုခင်တို့က VOVID-19ညွှန်ကြားချက်များနှင့်အညီ ဖွင့်လှစ် လျက်ရှိသည့် ပဲခူးမြို့ရှိ အခြေခံပညာအထက်တန်းကျောင်း (၈)ကျောင်းမှ ကျောင်းအုပ် ဆရာမကြီး များထံ ပြန်လည် လွှဲပြောင်း ပေးအပ်ခဲ့ပြီး ကျေးဇူးတင်စကား ပြန်လည် ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး (ပြန်/ဆက်)