ပုလောမြို့နယ်တွင် Grade-4 သင်ရိုးသစ် (ဒုတိယအကြိမ် ) မြို့နယ်အဆင့် သင်တန်းနောက်ဆုံးနေ့ ၌ ကိုဗစ်-၁၉ အသိပညာပေးဆွေးနွေး

ပုလော   သြဂုတ်လ   ၁၁

တနင်္သာရီတိုင်းဒေသကြီး၊ ပုလောမြို့နယ်၊ ၂၀၂၀−၂၀၂၁ ပညာသင်နှစ် (Grade-4) စတုတ္ထတန်း သင်ရိုးသစ် မြို့နယ်အဆင့် (ဒုတိယအကြိမ် ) သင်တန်း ကို သြဂုတ်လ ၅ ရက်နေ့မှ  ၁၁ ရက်နေ့ အထိ ဖွင့်လှစ်သင်ကြားပို့ချ လျက်ရှိရာ သင်တန်းနောက်ဆုံးနေ့ ယနေ့နံနက် (၁၀)နာရီက အမက(၇) ပုလောမြို့ ၌ ကိုဗစ်-၁၉ အသိပညာပေး ဆွေးနွေးပွဲ ကို ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပုလောမြို့နယ် ပညာရေးမှူး ဒေါ်လှလှအေးက သင်တန်းဆင်း အမှာစကား ပြောကြား၍ ပုလောမြို့နယ် ကျန်းမာရေးနှင့် ကုသရေး ဦးစီးဌာနမှူး ဒေါက်တာပြုံးချိုက ဘက်စုံထူးချွန်သော အနာဂတ် မျိုးဆက်သစ် ကျောင်းသား /ကျောင်းသူ လူငယ်မောင်မယ်လေးများကို  မွေးထုတ် ပေးမည့်  ဆရာ/ဆရာမများကို အခြေခံ ပညာကျောင်းများ ပြန်လည်ဖွင့်လှစ်ပါက ကျန်းမာရေးနှင့် အားကစား၀န်ကြီးဌာနမှ ညွှန်ကြားချက်များ ဖြစ်သည့် Covid-19 ရောဂါ ကာကွယ်၊ထိန်းချုပ်၊ ကုသနိုင်ရေးအတွက် ရှောင်ရန်/ဆောင်ရန်များကို သိရှိလိုက်နာ ဆောင်ရွက်နိုင်ရန် အသိပညာပေး ဆွေးနွေးခဲ့ ကြကြောင်း သိရှိရသည်။

အဆိုပါ သင်တန်းသို့  ပုလောမြို့နယ် အတွင်းရှိ အခြေခံပညာကျောင်း (၁၆၀) မှ အကြောင်း အမျိုးမျိုးကြောင့် ပထမအကြိမ် သင်တန်း တက်ရောက်နိုင်ခြင်း မရှိသည့် ဆရာ/ဆရာမ ( ၆၉ ) ဦး တက်ရောက်ခဲ့ကြောင်း သိရှိရသည်။

အေးအေးမော် (ပုလော ပြန်/ဆက်)