လှိုင်းဘွဲမြို့နယ် ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှပေးအပ်ချီးမြင့်ပေးအပ်သည့်နေ့တွက်စရိတ်များ ထုတ်ပေး

လှိုင်းဘွဲ     ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲများအတွက် နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့် နေ့တွက်စရိတ်ထုတ်ပေးခြင်းကို ယမန်နေ့က မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး၌ ထုတ်ပေးလျက်ရှိသည်။

၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈) ရက်နေ့တွင် အထွေထွေရွေးကောက်ပွဲအောင်မြင်စွာ ကျင်းပနိုင်ရေးအတွက် မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ များအား ဆန္ဒမဲပေးပိုင်ခွင့်ရှိသည့် အမည်စာရင်းပါရှိသော မဲဆန္ဒရှင်စာရင်းများကို ဇူလိုင်လ(၂၅)ရက်နေ့တွင် ရပ်ကွက်/ကျေးရွာ ကော်မရှင်အဖွဲ့ခွဲ ရုံးများတွင် စတင်၍ ကပ်ထားကြေညာထားလျက်ရှိရာ မဲဆန္ဒရှင်စာရင်းများအား ရေးခြစ်ခြင်း၊ ဆုတ်ဖြဲခြင်း မရှိစေရေးနှင့်လိုအပ်သည့် အချက် အလက်ပုံစံများကို ပြည်သူများသိရှိနိုင်စေနိုင်ရန် ရှင်းပြဆောင်ရွက်ပေးနိုင်ရေးအတွက် နေ့စဉ်ရပ်ကွက်/ကျေးရွာကော်မရှင်အဖွဲ့ခွဲရုံးတွင် တစ်နေ့ လျှင် (၃) ဦးအား တာဝန်ချထားပေးလျက်ရှိရာ နိုင်ငံတော်မှပေးအပ်ချီးမြှင့်သည့်နေ့တွက်စရိတ် တစ်ဦးလျှင် တစ်ရက် (၅၀၀၀) ကျပ်နှုန်းဖြင့် မဲရုံ ပေါင်း (၁၇၂) ရုံအတွက် ထုတ်ပေးလျက်ရှိကြောင်း သိရှိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)