လှိုင်းဘွဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုဝင်များက စုပေါင်းဝါဆိုသင်္ကန်း ဆပ်ကပ်လှူဒါန်း

လှိုင်းဘွဲ ဩဂုတ် ၁၁

ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်တွင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မိသားစုဝင်များက စုပေါင်း၍ ဝါဆိုသင်္ကန်းဆပ်ကပ် လှူဒါန်းပွဲကို ယမန်နေ့က မြို့မဘုန်းတော်ကြီးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသိန်းနှင့် ဝန်ထမ်းများ၊ မိသာစုဝင်များက ဩကာသကန်တော့ချိုးဖြင့် ကန်တော့ကြပြီး မြို့မကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစက္ကိန္ဒထံမှ ငါးပါးသီလခံယူ ဆောက်တည် ကြသည်။ ထို့နောက် ဆရာတော်၊ သံဃာတော်များအား မြို့နယ်အုပ်ချုပ်ရေးမှူးနှင့် ဝန်ထမ်းများက ဝါဆိုသင်္ကန်းနှင့် လှူဖွယ် ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းပြီး လူဒါန်းမှုအစုစုအတွက် ရေစက်သွန်းချအမျှပေးဝေခဲ့ကြကြောင်း သိရသည်။

ခင်စန်းမြင့်(ပြန်/ဆက်)