ဟားခါး ဇွန် ၃၀
ချင်းပြည်နယ် ၊ ဟားခါးမြို့ မြို့မရဲစခန်းအချုပ်တွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အမှုမှ ဦးစားပေးလွှတ်သင့်သူ (၄၀)ဦးအား အမှုရုပ်သိမ်း၍ ပြန်လည်စေလွှတ်သည့်အခမ်းအနားကို ယမန်နေ့ နံနက် ၈ နာရီခွဲက ဟားခါးမြို့ ၊ ခရိုင်အထွေထွေအုပ်ချုပ်ရေးအစည်းဝေးခန်းမ၌ ပြုလုပ်ရာ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီဝင်(၁) ဗိုလ်မှူးကြီးဟန်ဝင်းအောင် တက်ရောက်အမှာစကား ပြောကြားသည်။
အခမ်းအနားတွင် ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်(၁)က အဖွင့်အမှာစကား ပြောကြားပြီးနောက် ဟားခါးမြို့မရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၅၀၅(က) အမှုမှ ဦးစားပေးလွှတ်သင့်သူ ကျား ( ၃၄) ဦ: ၊ မ(၆)ဦး ပေါင်း (၄၀)ဦး တို့အား ပြန်လည် စေလွှတ်ပေးခဲ့သည်။ အဆိုပါအခမ်းအနားသို့ ပြည်နယ်စီမံအုပ်ချုပ်ရေးကောင်စီဝင်(၁)နှင့်အတူ ပြည်နယ်စီမံအုပ်ချုပ်ရေး ကောင်စီအတွင်းရေးမှူး ဦးမောင်မောင်ဆန်း ၊ ပြည်နယ်ရဲတပ်ဖွဲ့မှူး ( ခေတ္တ ) ရဲမှူးကြီးအောင်မြင့်နိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ကိုဦး၊ အတွင်းရေးမှူးနှင့် ဌာနဆိုင်ရာများ တက်ရောက်ကြကြောင်း သိရသည်။
ခရိုင် ( ပြန် /ဆက် )