ကျောက်တံခါးမြို့နယ်အတွင်း ကိုဗစ်-၁၉ ရောဂါပိုးတွေ့လူနာ နေထိုင်သည့် နေအိမ်နှင့် ပတ်ဝန်းကျင်အား ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်

ကျောက်တံခါး ဇူလိုင် ၁ ပဲခူးခရိုင်၊ ကျောက်တံခါးမြို့နယ်၊ အောင်မြင်မြို့ရဲစခန်းအနီးတွင် နေထိုင်သူ အမျိုးသားတစ်ဦး တွင် ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိရသဖြင့် အဆိုပါလူနာနေထိုင်သည့် နေအိမ်နှင့်ပတ်ဝန်းကျင် ရဲစခန်းတို့အား ယမန်နေ့က မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့က ပိုးသတ်ဆေးဖျန်းခြင်း အခမဲ့ကူညီဆောင်ရွက်ခဲ့သည်။ ထိုသို့ ပိုးသတ်ဆေးဖျန်းခြင်း ဆောင်ရွက်ရာတွင် မြို့နယ်ကြက်ခြေနီသူနာပြု တပ်ဖွဲ့ဝင်များက (PPE) ဝတ်စုံများ စနစ်တကျ ဝတ်ဆင်ကာ အဆိုပါနေအိမ်အတွင်းနှင့် ခြံဝန်းအတွင်းနေရာများ၊ ရဲစခန်းအတွင်းနှင့် ခြံဝန်းအတွင်းတို့အား ပိုးသတ်ဆေးဖျန်းခြင်း များဆောင်ရွက်ခဲ့ကြောင်း သိရသည်။ စန်းစန်း