တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ကျောင်းအုပ်ဆရာ/မကြီးများ ကျောင်းများ ဖွင့်လှစ်နိုင်ရေး တွေ့ဆုံဆွေးနွေး

တနိုင်း ဇူလိုင် ၁

ကချင်ပြည်နယ်၊ မြစ်ကြီးနားခရိုင်၊ တနိုင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲဥက္ကဋ္ဌ၊ အဖွဲ့ဝင်များနှင့်တနိုင်းမြို့နယ် ပညာရေးမှူးနှင့် ကျောင်းအုပ်ဆရာ/မကြီး‌ ကျောင်းများ ဖွင့်လှစ်ရေးနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲကို ယမန်နေ့ နံနက်(၁၀)နာရီက အထက(၂)ကျောင်း ပညာရတနာခန်းမ၌ တွေ့ဆုံဆွေးနွေးခဲ့ကြကြောင်း သိရသည်။ တွေ့ဆုံဆွေးနွေးပွဲတွင် တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲဥက္ကဋ္ဌ ဦးအောင်စိုးက ကျောင်းများ ဖွင့်လှစ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးမှာကြားရာတွင် ဖွင့်လှစ်ပြီးသော ကျောင်းများအား၊ အရှိန်အဟုန်မပျက် ဆက်လက်ဖွင့်လှစ်နိုင်ရေး၊ ကျောင်းသားဦးရေများ ပြည့်မီစွာ တက်ရောက် သင်ကြားနိုင်ရေးနှင့် နယ်မြေအခြေအနေရ ဖွင့်နိုင်ခြင်းမရှိ‌သေးသည့် အခြေခံပညာ ကျောင်းများအား အမြန်ဆုံးပြန်လည် ဖွင့်လှစ်နိုင်ရေး ဆွေးနွေးမှာကြား ခဲ့ပြီး ဆွေးနွေးပွဲသို့ တက်ရောက်လာသည့် အထက်တန်း၊ အလယ်တန်း ၊ မူလတန်း ကျောင်းအုပ်များနှင့် တာဝန်ခံကျောင်းအုပ်များအား mask များနှင့် လက်ဆေးရည် Hand Gel များ ထောက်ပံ့ခဲ့ကြောင်း သိရသည်။ အဆိုပါ ဆွေးနွေးပွဲသို့ တနိုင်းမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်စိုး၊ အဖွဲ့ဝင်ဗိုလ်မှူး တေဇာ အောင်၊ ဦးဇော်လွမ်းတူး၊မြို့နယ်ပညာရေးမှူး ဒေါ်ရွှေနယ်ဇိန်းနှင့် အထက်တန်း‌ ၊အလယ်တန်း ၊ မူလတန်း ကျောင်းအုပ်နှင့် တာဝန်ခံကျောင်းအုပ် ဆရာ/မ(၃၃)ဦး တက်ရောက် ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဝါဝါ