သံတောင်ကြီး သြဂုတ် ၁၁
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာသည် ကိုဗစ်-၁၉ ရောဂါကြောင့် ယာယီ ရပ်နားထားသော စာဖတ်ဝိုင်းဆောင်ရွက်ခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီအချိန်က ပြည့်သူစာကြည့်တိုက်၌ ပြုလုပ်ရာ Book Club Youth Club များက ပူးပေါင်း၍ စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာ စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်သည်။
ရှေးဦးစွာမြို့နယ် ဦးစီးမှူး နော်လော်မူက စာဖတ်ဝိုင်းပြုလုပ်ရခြင်း ရည်ရွယ်ချက်များ ပြောကြားခဲ့သည်။ ဆက်လက်ပြီး စာထောက်-၃ ဒေါ်ယဉ်ယဉ်အေး၊ Book Club အဖွဲ့ဝင် နော်နီဘွယ် တို့က စာရေးဆရာ ချစ်ဦးညို၏ တိုးတက်ခြင်း၊ ဆုတ်ယုတ်ခြင်းနှင့် ယဉ်ကျေးမှု စာမျက်နှာစာအုပ်ပါ အကြောင်းအရာများအား ဆွေးနွေးခဲ့ပြီး တက်ရောက်လာသော Book Club နှင့် Youth Club အဖွဲ့ဝင်များက စာအုပ်ပါ အကြောင်းအရာများနှင့် ပတ်သက်၍ အပြန်အလှန် ဆွေးနွေးခဲ့သည်။ အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲကို ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)