ပေါက်ခေါင်း ဩဂုတ် ၁၁
ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ် ထိန်းချုပ်နိုင်ရေးအတွက် ပါးစပ်နှာခေါင်းစည်း (Mask) များကို မြို့နယ်အမျိုး သမီးရေးရာအဖွဲ့နှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေး အသင်းတို့ ပူးပေါင်း၍ ပြည်သူများသို့ ယနေ့ နံနက်ပိုင်းက အခမဲ့ဝေငှပေးခဲ့ကြောင်း သိရသည်။
ထိုသို့ဝေငှပေးရာတွင် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်သို့ မိုးစပါးစိုက်ပျိုးစရိတ်ချေးငွေလာရောက် ထုတ်ယူသည့် တောင်သူ များ၊ မြန်မာ့စီးပွားရေးဘဏ် သို့ ငွေသွင်းငွေထုတ် လာရောက်ကြသူများနှင့် လမ်းသွားလမ်းလာ ပြည်သူများကို ကိုဗစ်-၁၉ ရောဂါ ကာကွယ်ထိန်းချုပ်နိုင်ရေးအတွက် အပြင်ထွက် သည့် အခါတိုင်း ပါးစပ်နှာခေါင်းစည်း(Mask)များ တပ်ဆင် သွားလာကြရန် အသိပေးပြောကြားပြီး Mask အခုရေ (၁၀၀၀)ကျော်ကို အခမဲ့ဝေငှပေးခဲ့ ကြောင်း သိရသည်။
သန်းထွန်းအောင်(ပြန်/ဆက်)