မင်းလှမြို့မဈေးအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လူစုလူဝေး မဖြစ်ပွားစေပဲ ရောင်းချနိုင်ရေး ညှိနိုင်းစည်းဝေး

 

 

မင်းလှ ဇွန် ၃၀

 

ပဲခူးတိုင်းဒေသကြီး၊ မင်းလှမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး‌ဌာနရုံး အစည်းအဝေး ခန်းမ၌  မြို့မဈေးတွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနည်းလမ်းများနှင့်အညီ လူစုလူဝေးမဖြစ်ပွားစေပဲ ရောင်းချနိုင်ရေးအတွက်ဇွန် ၃၀ ရက် နံနက် ၉ နာရီခွဲချိန်က မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး ကော်မတီအ ဖွဲ့နှင့် ဈေးကော်မတီဝင်များတွေ့ဆုံ၍ ညှိနိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။

 

မြို့နယ်ကိုဗစ်-၁၉ရောဂါ ကာကွယ်ထိန်းချုပ်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေးကော်မတီ ဥက္ကဋ္ဌဦးစိုးထွဋ်ကမြို့နယ်အတွင်း ရောဂါဖြစ်ပွားမှုနူန်းများ မြှင့်တတ်လာပေမဲ့လည်း ပြည် သူများ စာဝတ်နေရေး အဆင်ပြေချောမွေ့စေရန် မြို့မဈေး၌ ဆန်ဆိုင်၊ ဟင်းသီးဟင်းရွက် ဆိုင်၊ သားငါးဆိုင်၊ စားသောက်ကုန်ခြောက်ဆိုင်များ ဖွင့်လှစ်ပေးကြရန်နှင့်  လူစုလူဝေးမ ဖြစ်ပွားစေရန် မင်းတန်းလမ်းကြီးနှင့် ဈေးချိုတန်းလမ်းမကြီးတို့၌ နေရာပေး၍ ရောင်းချ ရန်တို့ကို ပြောကြားသည်။

 

ထို့နောက် ဈေးကော်မတီဝင်များက ဈေးဆိုင်များအား ခွဲခြားမပိတ်သင့်ကြောင်း၊ လူစုလူ ဝေးမဖြစ်ပွားရန် နေရာများချဲ့ပြီး နံနက်(၆) နာရီမှ (၁၂)နာရီထိ ဆက်လက်ရောင်းချသွား ရန်နှင့် ဘူတာဆင်းတွင် ဖွင့်လှစ်ထားသော အာရုံဈေးကိုနံနက်(၄) နာရီမှ (၁၀)နာရီထိ သာ ဖွင့်လှစ်ရောင်းချစေပြီး ဆက်လက်ပြီး မြို့မ‌ဈေးသို့ ပြောင်းရွေ့ရောင်းချခွင့် ပြုမှာမ ဟုတ်ကြောင်းတို့ကို ဆွေးနွေးပြောကြားသည်။

 

မြို့မဈေးသို့လက်ပံတန်းမြို့နယ်နှင့် အခြားမြို့နယ်များမှ လာရောက်ရောင်းချခြင်း မပြု လုပ်ရန်၊  မြို့နယ်ခံဈေးရောင်းချသူများကို  ဈေးရောင်းချခွင့် ကက်ပြားများ ပြုလုပ်‌ ရောင်းချသွားရန်၊ ဈေးရောင်းချသူများအနေဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း၊ (၆)ပေအ ကွာမှ ဈေးရောင်းချခြင်းများ စသည့် ကိုဗစ်ကာကွယ်ရေးနည်းလမ်းများနှင့် အညီရောင်း ချခြင်း မပြုလုပ်ပါက အရေးယူဒဏ်ငွေ ရိုက်ပြုလုပ်ခြင်းတို့ကို မြို့နယ်စည်ပင်သာယာ အဖွဲ့မှ တာဝန်ယူ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

 

ပေါက်စ