ရွှေတောင် ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ရွှေတောင်မြို့နယ် ကျွန်းတန်းရိုးကျေးရွာ ကုန်ထုတ်လမ်းဘေး ဝဲယာ၌ ယမန်နေ့နံနက်ပိုင်းက သစ်ပင်များစိုက်ပျိုးခဲ့ကြောင်းသိရသည်။
အဆိုပါရွှေတောင်မြို့နယ် ကျွန်းတန်းရိုးကျေးရွာ ကုန်ထုတ်လမ်းဘေးဝဲယာတွင် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာန၊ သစ်တောဦးစီးဌာန၊ ကျေးရွာရပ်မိရပ်ဖများ၊ လမ်းကော်မတီဝင်များ၊ ကုမ္ပဏီမှ ဝန်ထမ်းများနှင့် အတူ စိန်ပန်း၊ ပိတောက်၊ ငုဝါပင်များကိုလမ်းဘေးဝဲယာ၌စုပေါင်း စိုက်ပျိုးခဲ့ကြကြောင်း သိရသည်။
ကိုကိုမင်း