ကဝ ဇွန် ၃၀
ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ပဲခူးလမ်းဘေး (စက်လမ်းမှ ချောင်းထိပ်)အထိ ပလက်ဖောင်းနှင့် အုတ်ရေမြောင်း ပြုလုပ်ဆောင်ရွက်ခြင်းကို ဇွန်လ ၂၂ ရက်နေ့မှ စတင်ကာ ကဝမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ လုပ်ငန်းတာဝန်ခံ အင်ဂျင်နီယာ ဦးနိုင်လင်းဦး (လက်ထောက် အင်ဂျင်နီယာ)က ဦးဆောင်၍ တာဝန်ယူဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ ပလက်ဖောင်း အုတ်ရေမြောင်းသည် (၁၆၀ ပေ× ၃ပေ × ၃ပေ ၈ လက်မ)ရှိ၍ ခွင့်ပြုငွေကျပ် (၈.၆၀၀) သန်းဖြင့် ပြုလုပ်ဆောင်ရွက်ခြင်းဖြစ်ပြီး ဇူလိုင်လ ၇ ရက်နေ့တွင် ပြီးစီးမည်ဟု ခန့်မှန်း ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရှိရသည်။