ရေဦးတွင် ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုး

ရေဦး  ဇွန်  ၃၀

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုခရိုင် ရေဦးမြို့နယ် သစ်တောဦးစီးဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ ၂၀၂၁ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို  ယနေ့ နံနက် ၉  နာရီက   ရွှေပြည်သာရပ်ကွက် အခြေခံပညာမူလတန်းကျောင်း၀င်းတွင် ပြုလုပ်ခဲ့သည်။       

သစ်ပင်စိုက်ပျိုးပွဲသို့  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ  ဦးမင်းနိုင်ထွန်းနှင့်အဖွဲ့၀င်များ၊  အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယ ဦးစီးမှုးဦး‌နေစိုးနှင့်၀န်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မြို့ပေါ် ရပ်ကွက်အသီးသီးက ဥက္ကဋ္ဌများ၊   ဌာနဆိုင်ရာ၀န်ထမ်းများ၊  လူမှုရေးအသင်းအဖွဲ့များ၊   ကျောင်းအကျိုးတော်ဆောင်များ၊  သစ်ပင်ချစ်မြတ်နိုးသူများ အပါအ၀င် လူဦးရေ ၁၅၀ ဦးခန့် တက်ရောက် ခဲ့ကြပြီး ကျွန်း၊မန်ဂျန်းရှား၊ တမာ၊  စိန်ပန်း၊ ရင့်မာ၊  ခရေ၊  စွယ်တော်၊  မယ်ဇလီ ပျိုးပင်ပေါင်း (  ၃၀၀  )ပင်  ကိုစုပေါင်းစိုက်ပျိုးခဲ့ကြကြပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှုးရုံးမှ  သန္ဓေတပ်ဖွဲ့၀င်များက  ရေသယ်ယာဉ်ဖြင့် စိုက်ပျိုးပြီးသစ်ပင်များအား ရေလောင်းပေးခဲ့ ကြ ကြောင်း သိရသည်။ ​

သန်းထိုက် ( ရေဦး )