နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ အဘိုးအဘွားများအား ထောက်ပံ့လှူဒါန်း

နတ်တလင်း ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် NTN တွဲလက်များ ပရဟိတအဖွဲ့မှ မြို့ပေါ်(၄)ရပ်ကွက်အတွင်းရှိ အဘိုး၊အဘွားများအား ယနေ့နံနက် ၈နာရီအချိန်က ထောက်ပံ့ပစ္စည်းနှင့် အလှူငွေများ လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ လှူဒါန်းရာတွင် အမှန်တကယ် ဆင်းရဲနွမ်းပါးသော အဘိုးအဘွားများ၊ သားထောက်သမီးခံ မရှိသော အဘိုးအဘွားများကို လှူဒါန်းကြောင်း သိရသည်။ အဘိုးအဘွားတစ်ဦးလျှင် ဆန် (၂)ပြည်၊ ဆီ ၅၀ကျပ်သား၊ အိုဗာတင်း(၅)ထုပ်၊ ငွေသား (၁ဝဝဝဝ)ကျပ်၊ စုစုပေါင်း (၂၉၉၇၀၀)ကျပ်ဖိုးဖြင့် အဘိုးအဘွား(၁၈)ဦး၏ နေအိမ်များသို့ သွားရောက်လှူဒါန်းခဲ့သည်။

ထိုသို့ ဆောင်ရွက်ရာတွင် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသည့် ကိုဗစ်- ၁၉ ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ လှူဒါန်းခဲ့ကြောင်း သိရသည်။

ထားထားဦး