ပဲခူးမြို့၌ သီလရှင်စာသင်တိုက်ရှိ စာသင်ဆရာလေးများအား ကိုဗစ်-၁၉ ကာလအတွင်း လှူဖွယ်ပစ္စည်းများ နှင့် ဆွမ်းကပ်ခြင်းများပြုလုပ်

ပဲခူး ဇွန် ၃၀

ပဲခူးတိုင်းဒေသကြီး၊ မဉ်းကျေးရွာ၊ ရှမ်းစုကြီးကုန်း နဝရတ်တော်ဝင် သီလရှင်စာသင်တိုက်အတွင်း ယနေ့ နံနက်က (၁၀)နာရီအချိန် လှူဖွယ်ပစ္စည်းများနှင့် ဆွမ်းကပ်ပွဲကို နဝရတ် တော်ဝင်စာသင်တိုက် ခန်းမ တွင် ကျင်းပခဲ့သည်။

ရှေ့ဦးစွာ နဝရတ်တော်ဝင် သီလရှင်စာသင်တိုက် ဆရာလေးမှ ကိုဗစ်-၁၉ ကာလအတွင်း စာသင်သား များအတွက်၊ ဆွမ်းအခက်အခဲများနေသောကြောင့် မြို့ပေါ်ရှိ အလှူရှင်များမှ လှူဒါန်းသော ဆန်၊ ဆီ၊ ကြက်ဥ၊ ဘဲဥ၊  ဆွမ်းဟင်းအတွက် လိုအပ်သော ပစ္စည်းများကို လှူဒါန်းခဲ့ကြောင်း သိရသည်။

အဆိုပါ အလှူပွဲအတွက် မြို့ပေါ်ရှိ စေသနာရှင် တစ်ဦးက ကိုဗစ်-၁၉ ရောဂါ ကာလအတွင်း သီလရှင်၊ ဆရာလေးများ သာသနာအတွက် စာပေသင်ကြားနေခြင်းဖြစ်ကြောင်း ပြောခဲ့ပြီး နေ့ဆွမ်းကို (၁၁)နာရီ အချိန်တွင် သီလရှင်၊ ဆရာလေး (၅၅)ပါးအား ဆွမ်းကပ်ခဲ့ပြီး မွန်းလွဲ ၁၂ နာရီ ၃၀ အချိန်တွင် တရားနာပြီး ရေစက်ချခဲ့ကြောင်း သိရသည်။         

မျိုးငြိမ်း