မင်းဘူး ဩဂုတ် ၁၁
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူး(စကု)မြို့နယ်အတွင်း ၂၀၁၉-၂၀၂၀ ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုသူ ၃၅၆၅ ဦးရှိပြီး ၁၂၂၀ ဦး အောင်မြင်ခဲ့ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
အဆိုပါ စာမေးပွဲကို “၂၀၁၉ ခုနှစ် မတ်လမှာ စာစစ်ဌာန ၆ ခုနဲ့ကျင်းပခဲ့ပြီး စာရင်းရှိ ၃၇၈၈ ဦး၊ လာရောက်ဖြေဆိုသူ ၃၅၆၅ ဦးနဲ့ အကြောင်းအမျိုးမျိုးကြောင့် ဖြေဆိုရန် ပျက်ကွက်သူ ၂၂၃ ဦး ရှိပြီးတော့ ဖြေဆိုအောင်မြင်သူက ၁၂၂၀ ဦး ရှိပါတယ်။ အဲဒီဖြေဆို အောင်မြင်သူ တွေထဲကမှ ခြောက်ဘာသာဂုဏ်ထူးက ၃ ဦး၊ ငါးဘာသာဂုဏ်ထူးက ၃ ဦး၊ လေးဘာသာဂုဏ်ထူးက ၄ ဦး၊ သုံးဘာသာဂုဏ်ထူးက ၂၇ ဦး၊ နှစ်ဘာသာ ဂုဏ်ထူးက ၂၃ ဦးနဲ့ တစ်ဘာသာဂုဏ်ထူးက ၁၄၇ ဦး စုစုပေါင်း ဂုဏ်ထူးရရှိသူ ၂၀၇ ဦးရှိတယ်” လို့ မြို့နယ် ပညာရေးမှူး ဦးကြည်လွင်က ပြောကြားခဲ့ သည်။ မင်းဘူး(စကု)မြို့နယ်အတွင်း ယခုနှစ်အောင်ချက်ရာခိုင်နှုန်းမှာ (၃၄ ဒဿမ ၂၂ ရာခိုင်နှုန်း) ဖြစ်ပြီး ဖြေဆိုအောင်မြင်သူမရှိသည့် ကျောင်း တစ်ကျောင်းလည်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မောင်မောင်(မင်းဘူး)