မုံရွာ ဇွန် ၂၉
၂၀၂၁-ခုနှစ်၊ စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌဖလား ခရိုင်ပေါင်းစုံ အသက် (၂၅)နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲ ဆုချီးမြင့်ပွဲ အခမ်းအနားကို ယနေ့ နံနက်ပိုင်း က မုံရွာမြို့၊ ပြည်သူ့အားကစားကွင်းအတွင်းရှိ ဖူဆယ်အားကစားရုံတွင် ကျင်းပရာ ဆုချီးမြှင့်ပွဲ အခမ်းအနားသို့ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ကောင်စီအဖွဲ့ဝင်များနှင့် တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ၊ ပြိုင်ပွဲဝင် အားကစားသမားများ၊ အားကစားဝါသနာရှင် ပြည်သူများ တက်ရောက်ကြသည်။
ရှေးဦးစွာ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များက ဗိုလ်လုပွဲစဉ်အဖြစ် ယင်းမာပင်ခရိုင် အမျိုးသားဖူဆယ်အသင်းနှင့် စစ်ကိုင်းခရိုင် အမျိုးသားဖူဆယ် အသင်းတို့ ယှဉ်ပြိုင်ကစားနေမှုအား ကြည့်ရှု့အားပေးကြပြီး စစ်ကိုင်းခရိုင် ဖူဆယ်အသင်းမှ ယင်းမာပင်ခရိုင် ဖူဆယ်အသင်းအား (၄) ဂိုး (၂)ဂိုး ဖြင့် အနိုင်ရရှိသွားသည်။
ယင်းနောက် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ကျင်းပရာ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင် အတွင်း ရေးမှူး ဦးခင်မောင်ဆန်းက အမျိုးသား၊ အမျိုးသမီး ဂိုးသမားအကောင်းဆုနှင့် ပွဲစဉ် တစ်လျှောက် အကောင်းဆုံးဆုရရှိသော အမျိုးသား၊ အမျိုးသမီး အားကစားသမားများအား ငွေသားဆုနှင့် ရုပ်ထုဆုများအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ဒေါ်ရီရီသန်းက တတိယဆုရရှိသော မုံရွာခရိုင် အမျိုးသားဖူဆယ်အသင်းနှင့် မုံရွာခရိုင်အမျိုးသမီး ဖူဆယ်အသင်းတို့အား တစ်ဦးချင်း ဆုတံဆိပ်များနှင့် ငွေသားဆုကျပ်(၂)သိန်းအား လည်းကောင်း၊ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီအဖွဲ့ဝင် ဗိုလ်မှူးကြီး ဝင်းတင်စိုးက ဒုတိယဆုရရှိသော ကောလင်းခရိုင် အမျိုးသမီးဖူဆယ် အသင်းနှင့် ယင်းမာပင်ခရိုင် အမျိုးသားဖူဆယ်အသင်းတို့အား တစ်ဦးဆုတံဆိပ်နှင့် ငွေသားဆုကျပ်(၂) သိန်းနှင့် ဒိုင်းဆုအားလည်းကောင်း အသီးသီး ပေးအပ် ချီးမြှင့်ကြသည်။
ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးမောင်မောင်လင်းက ပထမဆု ရရှိသော စစ်ကိုင်းခရိုင် အမျိုးသမီးဖူဆယ်အသင်းနှင့် စစ်ကိုင်းခရိုင် အမျိုးသားဖူဆယ်အသင်းတို့အား တစ်ဦးချင်းဆုတံဆိပ်များနှင့် ငွေသားဆုကျပ်(၅)သိန်း၊ တံခွန်စိုက်ဆုဖလားအား တာဝန်ရှိသူများထံ ပေးအပ်ချီးမြှင့်ကာ ဆုချီးမြှင့်ပွဲ အခမ်း အနားကို ရုပ်သိမ်းခဲ့သည်။
အဆိုပါ ပြိုင်ပွဲများမှ စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသား၊ အမျိုးသမီးလက်ရွေးစင် ဖူဆယ်အသင်း လက်ရွေးစင်များ ရွေးချယ်ပြီး နေပြည်တော်တွင် ကျင်းပပြုလုပ်မည့် တိုင်းဒေသကြီးနှင့်ပြည်နယ် အသက် (၂၅) နှစ်အောက် အမျိုးသား၊ အမျိုးသမီး ဖူဆယ်ပြိုင်ပွဲသို့ ဝင်ရောက်ယှဉ်ပြိုင် ကြမည်ဖြစ် ကြောင်း သတင်းရရှိသည်။
တိုင်းဒေသကြီး၊ ပြန်/ဆက်