ကသာ ဇွန် ၂၉
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီး ဌာနမှ တာဝန်ရှိသူများသည် ကသာမြို့နယ်၊ ပိလ္လဟာကျေးရွာ၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံကိန်း (VDP)ရန်ပုံငွေဖြင့် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော ကျေးရွာ တွင်းကွန်ကရစ်လမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်နေမှုကို ယမန်နေ့က သွားရောက် ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။
ထိုသို့ သွားရောက်စစ်ဆေးရာတွင် ကသာမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီး ဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးသန်း၊ စီမံကိန်းတာဝန်ခံ ဦးဇွဲမင်းထက်နှင့် တာဝန်ရှိသူများသည် ပိလ္လဟာကျေးရွာတွင် ဒေသခံပြည်သူများ စုပေါင်းညီညာစွာဖြင့် ကွန်ကရစ်လမ်းခင်းခြင်း လုပ်ငန်းဆောင်ရွက်နေမှုများကို ကြည့်ရှုအားပေးခဲ့ပြီး မြို့နယ်ဦးစီးမှူး ဦးစိုးသန်းက လုပ်ငန်း များကို သတ်မှတ်ထားသည့်အရည်အသွေးများ ပြည့်မီအောင်ဆောင်ရွက်ရန်နှင့် လုပ်ငန်း အတွက်လိုအပ်သည်များကိုလည်း ကူညီဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ဒေသခံ ပြည်သူ များအား မှာကြားခဲ့သည်။
ကသာမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာနမှ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေး နှစ်တွင် မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာ လျှင် VDP စီမံကိန်းရန်ပုံငွေကျပ်သိန်း(၁၀၀) နှင့် ပြည်သူ ထည့်ဝင်ငွေ၊ လုပ်အားများဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP)များ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ လက်ရှိတွင် ကသာမြို့နယ်အတွင်း ၌ ကျေးရွာ (၁၁)ရွာတွင် အဆိုပါစီမံကိန်းလုပ် ငန်းများကို ဆောင်ရွက်နေကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)