ရေစကြိုမြို့၌ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင်ထောက်ပံ့ကြေးငွေများ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ် 

ပခုက္ကူ ဇွန် ၂၉ 

မကွေးတိုင်းဒေသကြီး၊ ရေစကြိုမြို့ပေါ်ရပ်ကွက်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားများအား လူမှုရေးပင်စင် ထောက်ပံ့ကြေးငွေများကို ယနေ့နံနက် ၉ နာရီမှ စတင်ပြီး တာဝန်ရှိသူများက အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ကြသည်။ 

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာ ရေးနှစ် ဒုတိယ(၃)လပတ် (ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) လများအတွက်  ရေစကြိုမြို့၊ အမှတ်(၁)ရပ်ကွက်က(၆) ဦး၊ အမှတ်(၂) ရပ်ကွက်က (၄)ဦး၊ အမှတ် (၄)ရပ်ကွက်က (၁၃)ဦး၊ အမှတ် (၈)ရပ်ကွက်က (၇)ဦး၊ စုစုပေါင်းအသက်(၈၅) နှစ်အထက်  သက်ကြီးဘိုးဘွား(၉၀)ဦးတို့အတွက် တစ်ဦးလျှင် ငွေကျပ်သုံးသောင်းနှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင်ထောက်ပံ့ကြေး ငွေကျပ် (၂၇၀၀၀၀၀) အား ရေစကြိုမြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါ်မိုးသန္တာစုနှင့် ဝန်ထမ်းများ၊ သက်ဆိုင်ရာ ရပ်ကွက် အုပ်ချုပ်ရေးမှူးများက သက်ကြီးဘိုးဘွားတို့၏ အိမ်တိုင်ရာအရောက် သွားရောက်ထောက်ပံ့ ပေးအပ်ကြကြောင်း သိရသည်။ 

ထို့အပြင် ရေစကြိုမြို့နယ်အတွင်းရှိ အသက်(၈၅)နှစ်အထက် သက်ကြီးဘိုးဘွားပေါင်း (၆၄၀) ဦးရှိပြီး တစ်ဦးလျှင် ငွေကျပ် (၃၀၀၀ဝိ/−) နှုန်းဖြင့် စုစုပေါင်းလူမှုရေးပင်စင် ထောက်ပံ့ကြေးငွေကျပ် (၉၂၀၀၀၀) အား  သက်ဆိုင်ရာ ရပ်/ကျေးအုပ် ချုပ်ရေးမှူးများ အလိုက် အိမ်တိုင်ရာအရောက် အသီးသီးထောက်ပံ့ပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။ 

ဆလိုင်းကိုကီး