မယ်စဲ့မြို့နယ်တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေး အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေ

မယ်စဲ့ ဩဂုတ် ၁၁

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ မယ်စဲ့မြို့နယ်တွင် မွေးမြူရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးနှင့် အာဖရိက ဝက်အပြင်း ဖျားရောဂါ ကူးစက်မှုမရှိစေရေး အသိပညာပေးဟောပြောပွဲကို ယနေ့ နံနက်က ကျောက်စု ကျေးရွာခန်းမဆောင်၌ ပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ဦးစီးမှူး ဒေါက်တာစောသေးရယ်က ကျေးလက် နေပြည်သူများ ၏ တစ်နိုင်တစ်ပိုင် မွေးမြူ ထားသော တိရိစ္ဆာန်များအား ကျန်းမာရေးစောင့်ရှောက်မှု နည်းစနစ်များ သိရှိစေရေး၊ ကူးစက် ရောဂါ ကြိုတင်ကာကွယ်ရေး နည်းလမ်းများ၊ ကျန်းမာရေး စောင့်ရှောက်မှုနည်းစနစ်များနှင့် အာဖရိက ဝက်အပြင်းဖျား ရောဂါ ကူးစက်မှုမရှိစေရေး တစ်နိုင်တစ်ပိုင် မွေးမြူထားသော ဝက်များ ဇီဝလုံခြုံမှုမြှင့်တင် ရေးတို့ကို အသိပညာပေး ဟောပြောခဲ့ပြီး လက်ကမ်းစာစောင်များ ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝတ်ရည်(ပြန်/ဆက်)