တောင်ငူ ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ တောင်ငူမြို့နယ်၌ မြို့နယ် ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေး ပေါ်တုံ့ပြန်ရေးကော်မတီနှင့် မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့ ပူးပေါင်းကာ ယနေ့ နံနက်ပိုင်းက ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ ထိရောက်စွာ အရေးယူဆောင်ရွက်နိုင်ရေးနှင့် မြို့နယ် ကိုဗစ်- ၁၉ ကူးစက်ရောဂါ မဖြစ်ပွားစေရေး လုပ်ငန်းများ အား အရှိန်အဟုန်မြှင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ဆောင်ရွက်ရာတွင် တောင်ငူမြို့နယ် စည်ပင်သာယာရေး နယ်နိမိတ်အတွင်း ဖွင့်လှစ်ရောင်းချ သည့် စားသောက်ဆိုင်များ၊ လ္ဘက်ရည်ဆိုင်များ လက်လီဆိုင်များအား ပါဆယ်စနစ်ဖြင့် ရောင်းချနိုင် ရေး၊ စည်ပင်သာယာရေးအဖွဲ့ပိုင် စျေးများအား အချိန်အကန့်အသတ်ဖြင့် ဖွင့်လှစ်နိုင်ရေး၊ အခြေခံ စားသောက်ကုန်များနှင့် ဆေးဝါးရောင်းချသည့် ဆိုင်များမှအပ ကျန်အထည် အလိပ်နှင့် အခြားလူသုံး ကုန်ပစ္စည်းအရောင်းဆိုင်များအား ယမန်နေ့မှစတင်၍ ရက်သတ္တပတ် (၂) ပတ်တိတိ ပိတ်သိမ်းထား ရန် ရောင်းချလျက်ရှိသည့် စျေးသူ၊ စျေးသားများအား လိုက်လံအသိပေးနှိုးဆော်မှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် မြို့နယ်စည်ပင် သာယာရေးအဖွဲ့တို့ ပူးပေါင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဆက်လက်၍ တောင်ငူမြို့ ဗိုလ်မှူး ဖိုးကွန်းလမ်းထိပ်မုခ်ဝ၌ မြို့နယ်အတွင်း စျေးရောင်း စျေးဝယ် ပြုလုပ်နေကြသူများ၊ လမ်းသွား လမ်းလာကြသူများအား နှာခေါင်းစည်း တပ်ဆင်ခြင်းမရှိလျှင် နှာခေါင်းစည်း(Mask) တစ်ခုလျှင် ၁၀၀ ကျပ်နှုန်းဖြင့် ဝယ်ယူ တပ်ဆင်သည့်စနစ်ဖြင့် ပြုလုပ်ခဲ့ကြောင်း သိရသည်။ ထိုသို့ဆောင်ရွက်မှုများကို အပတ်စဉ် ရက်သတ္တပတ်များ၌ အင်္ဂါနေ့နှင့် ကြာသပတေးနေ့များတွင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။