ပန်းတောင်း ဇွန် ၂၉
ကိုဗစ်-၁၉ ရောဂါ ကူးစက်ပြန့်ပွားမှု ကာကွယ်ရေးအတွက် နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်းများ စနစ်တကျ တပ်ဆင်သွားလာရေးအတွက် ပဲခူးတိုင်းဒေသကြီး ပြည်ခရိုင် ပန်းတောင်းမြို့နယ် မြို့မစျေးတွင် ယမန်နေ့ နံနက်ပိုင်းက နှာခေါင်းစည်း Mask များ ဖြန့်ဝေ ပေးခဲ့ကြောင်း သိရသည်။
အဆိုပါ နှာခေါင်းစည်းများ ဖြန့်ဝေပေးရာတွင် စည်ပင်သာယာရေးအဖွဲ့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ ပြည်သူများ နေအိမ်ပြင်ပသို့ ထွက်ခွာပါက နှာခေါင်းစည်း များ စနစ်တကျ တပ်ဆင်သွားလာရေး လူထုလှုပ်ရှားမှု အသွင်ဖြင့် နှာခေါင်းစည်းတပ်ဆင်ခြင်း မရှိသူများကို နှာခေါင်းစည်းများ အခမဲ့ဖြန့်ဝေပေးခဲ့ ကြောင်း သိရသည်။
သင်းသင်းအေး