မအူပင် ဇွန် ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့ နယ်တွင် ၂၀၂၀ ခုနှစ်ကျင်းပပြီးစီးခဲ့သည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကာလ၏ မဲစာရင်းများ မှန်ကန်မှုရှိစေရေးအတွက် မြို့နယ်ကော်မရှင်အဖွဲ့ခွဲ၏ လုပ်ငန်းများစိစစ်ခြင်း ဆောင်ရွက်နိုင်ရန် ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁နာရီခွဲက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အစည်းအဝေးခန်းမ၌ ဆောင်ရွက် ခဲ့သည်။
ဆွေးနွေးပွဲတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်းက ၂၀၂၀ခုနှစ် ပါတီစုံ ဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကာလအတွင်း မြို့နယ်အတွင်းရှိ ဆန္ဒမဲပေးခွင့် ရှိသည့်ပြည်သူများ၏ စာရင်းဇယားများအား တိကျခိုင်မာစွာ စိစစ်နိုင်ရန်အတွက် တာဝန်ပေးအပ်ထားသော သက်ဆိုင်ရာဌာနအလိုက် ယခင်က(၁၂)ဦးဖြင့်သာ ဆောင်ရွက် ခဲ့ပြီး ယခုအင်အား(၁၃)ဦး တိုးမြှင့်ပြီး စုစုပေါင်းအင်အား(၂၅)ဦးဖြင့် လုပ်ငန်းများ စနစ်တကျ ဆောင်ရွက်သွားနိုင်ရေးဆွေးနွေးခဲ့ကြောင်းသိရသည်။
ဆွေးနွေးပွဲသို့ မအူပင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးတိုးတိုးဝင်း၊ ဒုတိယမြို့နယ် စီမံအုပ်ချုပ်ရေးမှူး ဦးဇင်ဝိုင်းသက်ဦး၊ မြို့နယ်ကော်မရှင် အတွင်းရေးမှူးဒေါ်ဝင်းမာနှင့်ရုံးအဖွဲ့များ၊ ကော်မရှင်အဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများက တက်ရောက်ပြီး ဝိုင်းဝန်းဆွေးနွေးခဲ့ကြောင်းသိရသည်။
အောင်ခိုင်(ပြန်/ဆက်)