ပန်းတောင်း ဇွန် ၂၉
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်၌ အပြင်ထွက်သွားလာရာတွင် Mask တပ်ဆင်သွားလာခြင်း မရှိသူများအား အသိပညာပေးခြင်းနှင့် Mask များ ဖြန့်ဝေပေးခြင်း ကို ယမန်နေ့ နံနက်ပိုင်းက ပန်းတောင်း အ.ထ.က ကျောင်းရှေ့တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထို့နောက် ပန်းတောင်းမြို့နယ် ကျောင်းသား၊ ကျောင်းသူများ၊ ပြည်သူများ၊ မြို့တွင်း သွားလာလျက်ရှိသော ဒေသခံပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေးကာလတွင် နေအိမ်ပြင်ပသို့ မဖြစ်မနေသွားလာပါက Mask တပ်ဆင်သွားလာရေး Mask တပ်ဆင်သွား လာခြင်းမရှိသူအား အသိပညာပေးခြင်းနှင့် Mask များ အခမဲ့ဖြန့်ဝေပေးခဲ့သည်။
အဆိုပါ စစ်ဆေးခြင်းကို ပန်းတောင်းမြို့ အနှေးယာဉ်လုပ်သားများအဖွဲ့မှ Mask များ အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
သင်းသင်းအေး