မော်လမြိုင်ကျွန်း ဇွန် ၂၉
လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါကာကွယ်နိုင်ရေးအတွက် နှာခေါင်းစည်း mask များအား မြို့နယ်အတွင်းလူစည်ကားရာနေရာများတွင် ပြည်သူများအသုံးပြုနိုင်ရေးအတွက် ဖြန့်ဝေခြင်းလုပ်ငန်းများကို ယနေ့နံနက် ၈ နာရီအချိန်ကဆောင်ရွက်သည်။
အဆိုပါလုပ်ငန်းများအား မြို့နယ်ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့်အရေးပေါ်တုံ့ပြန်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ပြန်ကြားရေးဆပ်ကော်မတီဝင်များ၊ မြို့နယ်ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် မြို့နယ် ကြက်ခြေနီတပ်ဖွဲ့ဝင်များမှ လူစည်ကားရာဈေးများ၊ ပိတောက်လမ်းသင်္ဘောဆိပ်နှင့် အမှတ် (၁၄) လမ်းမကြီးတစ်လျှောက်သွားလာလျက်ရှိသော ပြည်သူများအား နှာခေါင်းစည်း mask များ အခမဲ့ဖြန့်ဝေပေးသည်။
မြို့နယ်အတွင်း ကိုဗစ်-၁၉ရောဂါကြိုတင်ကာကွယ်ရေးအတွက် ကျန်းမာရေးနှင့်အားကစား ဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကြေညာချက်များအားအသံချဲ့စက်များဖြင့်လှည့်လည်၍ အသိပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။