စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း စစ်ကိုင်းခရိုင်အတွင်းရှိ မွေးမြူရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေးပြီး မြောင်မြို့နယ် ဒေသခံပြည်သူများနှင့် တွေ့ဆုံပွဲ အခမ်းအနား တက်ရောက်

မုံရွာ ဇွန် ၂၉

စစ်ကိုင်းတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းသည် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ အဖွဲ့ဝင်များဖြစ်ကြသော ဗိုလ်မှူးကြီး ဝင်းတင်စိုး၊ ဦးတင်သန်းဝင်းနှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာ အကြီးအကဲများ လိုက်ပါလျက် ယမန်နေ့ နံနက်ပိုင်းတွင် စစ်ကိုင်းခရိုင်၊ စစ်ကိုင်းမြို့နယ်၊ မာလဲတော ကျေးရွာရှိ မိုးပျံနဂါးကုမ္ပဏီ ဘက်စုံမွေးမြူရေးခြံသို့ ရောက်ရှိရာ ကုမ္ပဏီမှ တာဝန်ခံ ဦးသက်ပိုင်ဖြိုးက မိရိုးဖလာ နွား၊ ကြက်၊ ဝက်မွေးမြူရေး လုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ မိရိုးဖလာ နွား၊ဝက်မွေးမြူထားရှိမှုအား လှည့်လည် ကြည့်ရှု စစ်ဆေးခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင် များသည် အုန်းတော ကျေးရွာရှိ သဇင်ပန်းကြက်မွေးမြူရေးခြံနှင့် ကျောက်ဆည်ကျေးရွာရှိ ဝက်မွေးမြူရေး ခြံတည်ဆောက်မည့် မြေနေသို့ ရောက်ရှိရာ ခြံတာဝန်ခံ ဦးဆန်းယုက ကြက်မွေးမြူထားရှိမှု အခြေအနေ များနှင့် ဝက်မွေးမြူရေးခြံ မြေနေရာ ဆောင်ရွက်နေမှု အခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က ရှင်းလင်းတင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် အောင်သာ ကျေးရွာရှိ Snack Mandalay ကုမ္ပဏီ ငြုပ်၊ သီးနှံခြောက်နှင့် အမှုန့်အမျိုးမျိုးစက်ရုံ သို့ရောက်ရှိရာ ကုမ္ပဏီတာဝန်ခံမှ ပြည်တွင်းမှတောင်သူများစိုက်ပျိုးသော လယ်ယာထွက်ကုန်ကြမ်းများကို အသုံးပြုပြီး ထုတ်လုပ်ထားသော တန်ဖိုးမြှင့် ကုန်ချောများအား နိုင်ငံခြားဈေးကွက်သို့ ထုတ်လုပ်နေမှုအခြေအနေ များအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က တင်ပြချက်များအပေါ် နိုင်ငံတကာ ဈေးကွက်သို့ တင်ပို့ ရောင်းချနိုင်ရေးအတွက် ကျန်းမာရေးနှင့် ညီညွတ်စေရန် နိုင်ငံတကာ စံချိန်စံညွှန်း များနှင့်အညီ စနစ်တကျ စီမံထုပ်ပိုးရန်၊ မှို၊ ဓာတုဆိုးဆေးများ ကင်းရှင်းရန်နှင့်  ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရေး တို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးပြီး စက်ရုံအတွင်း ထုတ်လုပ်နေမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြသည်။

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင် များသည် မွန်းလွဲပိုင်း တွင် မြင်းမူမြို့နယ်၊ ထီးဆောင်းကျေးရွာရှိ ဒေသနွားမျိုးထိန်း၊ မျိုးပွားနှင့် တိရစ္ဆာန်အစာ ဖွံ့ဖြိုးရေးသုတေသနခြံသို့ ရောက်ရှိရာ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန (နေပြည်တော်)မှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်း က  ဒေသနွားများမွေးမြုထားရှိမှုနှင့် နွားမွေးမြူရေး သင်တန်းများဖွင့်လှစ်ဆောင်ရွက်မှု  အခြေအနေများ၊ မျိုးကောင်း မျိုးသန့်များ ပျောက်ပျက်မသွားစေရေးအတွက် ဒေသမျိုးရင်းနွားမျိုးစိတ်များအား ဇီဝမှတ်တမ်းခွဲခြား သုတေသန မှတ်တမ်းပြုစုမှုများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များက ဒေသနွား ပြာစိမ်းမျိုးနွားများနှင့် ရွှေနီမျိုးနွားများ မွေးမြူထားရှိမှုများအား လှည့်လည်ကြည့်ရှု စစ်ဆေး ခဲ့သည်။

ထို့နောက် တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များသည် မြောင်မြို့၊ မြို့နယ်ခန်းမတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖ များနှင့် တွေ့ဆုံပွဲ အခမ်းအနားသို့ တက်ရောက်ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများက မြို့၏ လိုအပ်ချက်များဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် လမ်းပန်းဆက်သွယ်ရေး လုပ်ငန်းများနှင့် ပတ်သက်၍ လိုအပ် သည်များကို အသီးသီးတင်ပြကြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က တင်ပြချက်များအပေါ် လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်းနှင့် အဖွဲ့ဝင်များ သည် မုံရွာခရိုင်၊ ချောင်းဦးမြို့ရှိ အစိုးရနည်းပညာအထက်တန်းကျောင်းသို့ ရောက်ရှိရာ ကျောင်းအုပ်ဆရာမကြီး ဒေါက်တာ မျိုးမျိုးကြည်က တည်ဆောက်ရေး လုပ်ငန်းအခြေအနေများအား ရှင်းလင်းတင်ပြပြီး တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေး ကောင်စီ ဥက္ကဋ္ဌ ဦးမောင်မောင်လင်း က တည်ဆောက်ရေးလုပ်ငန်းများ ဘဏ္ဍာနှစ်အတွင်း စံချိန်စံညွှန်းနှင့်အညီ အချိန်မီပြီးစီးရေးနှင့် အရည်အသွေးကောင်းမွန်ရေးတို့အား တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက် ပေးကာ ကျောင်းအတွင်းရှိ တည်ဆောက်ရေး လုပ်ငန်းများအား လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရှိရသည်။

တိုင်းဒေသကြီး( ပြန်/ဆက်)