မြန်အောင်မြို့တွင် ဧရာဝတီတိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များမှ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

မြန်အောင်  ဇွန်  ၂၉

ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အဖွဲ့ဝင်(၁)ဗိုလ်မှူးကြီး ကျော်စွာလှိုင် နှင့်အဖွဲ့ဝင်များ၊ တိုင်းအဆင့်ဌာနဆိုင်ရာအကြီးအကဲများသည် ယနေ့နေ့လယ်က မြန်အောင်မြို့ ဖွံဖြိုးတိုးတက်ရေးလုပ်ငန်းများနှင့် မြစ်ကမ်းထိန်းလုပ်ငန်းများ ကြည့်ရှုစစ်ဆေး ခဲ့ကြသည်။

 ဧရာဝတီတိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်၊ အဖွဲ့ဝင်(၁) ဗိုလ်မှူးကြီး ကျော်စွာလှိုင်နှင့်အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တိုင်းအုပ်‌ချုပ်ရေးမှူး ဦးဝေဇင်ထွန်း၊ ဟင်္သာတခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များသည် မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စုတွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန  Mega Global Green Company မှတာဝန်ယူ ဆောင်ရွက်သည့် အသေးစား Solar လျှပ်စစ်စီမံကိန်းသို့ ရောက်ရှိရာ တိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန တိုင်းဦးစီးမှူး ဦးနေထက်ရှိန်နှင့် ကုမ္ပဏီမှတာဝန်ရှိသူများက လျှပ်စစ်ဓာတ်အားထုတ်လုပ်မှုအခြေအနေတို့ကို ရှင်းလင်းတင်ပြခဲ့ ကြသည်။

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဆောင်ရွက်သော  အသေးစား Solar လျှပ်စစ် စီမံကိန်းကြောင့် မြန်အောင်မြို့နယ် ဘန့်ဘွေးကုန်းကျေးရွာအုပ်စု ဘန့်ဘွေးကုန်း‌ကျေးရွာနှင့် ရေတာကျေးရွာတို့ရှိ အိမ်ခြေ (၂၉၈)အိမ် မီးသွယ်တန်းပြီး ဘုန်းကြီးကျောင်း(၂)ကျောင်း၊ စာသင် ကျောင်း(၂)ကျောင်း၊ ဆေးခန်း(၁)ခန်းမီးသွယ်တန်းပြီး (၂၁-၄-၂၀၂၁) ရက်နေ့မှစ၍ မီးစတင်ပေးဝေ အသုံးပြုလျက်ရှိကြောင်း သိရှိရသည်။

ဆက်လက်၍ တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မြန်အောင်မြို့ လွန်ဆေး မြိုင်ပန်းခြံ မြစ်ကမ်းထိန်းလုပ်ငန်း၊ သံကူကွန်ကရစ်မြေထိန်းနံရံ တည်ဆောက်ခြင်း ဆောင်ရွက် ပြီးစီးမှုအခြေအနေများကိုကြည့်ရှုစစ်ဆေးရာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများဖွံဖြိုးတိုးတက်ရေး ဦးစီးဌာန တိုင်း‌ဒေသကြီးဦးစီးမှူး ဦးစိန်လွင်နှင့် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန တိုင်း‌ ဒေသကြီးဦးစီးမှူး ဦးကြည်ဆွေတို့က လုပ်ငန်းဆောင်ရွက်ပြီးစီးမှုအခြေအနေများကို ရှင်းလင်း တင်ပြခဲ့ကြသည်။ ထို့နောက် တိုင်းဒေသကြီးစီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌက မိုးရာသီ ဧရာဝတီ မြစ်ရေကြီးချိန် ရေကာတာများ ကြံ့ခိုင်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိရန် မှာကြားခဲ့သည်။

တိုင်းဒေသကြီး စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ ဦးရဲမြင့်နှင့်အဖွဲ့သည် မြန်အောင်မြို့ သဘာဝ ဓာတ်ငွေ့သုံးဓာတ်အားပေးစက်ရုံ၊ မြန်အောင်မြို့နယ် ကန်စွန်းခုံမြစ်ရေတင်စီမံကိန်းတို့အား ကြည့်ရှု စစ်ဆေးပြီး ကန်စွန်းခုံကျေးရွာအုပ်စု ကုန်းတလုံးကျေးရွာရှိ တောင်သူ ဦးသက်ဆွေဝင်းနှင့်တောင်သူ (၈)ဦးတို့၏ မိုးမြေပဲစံပြ ဧက(၅၀) စိုက်ပျိုးထားရှိမှုအား သွားရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရှိရသည်။

ဝင်းဗိုလ်(မြန်အောင် ၊ ပြန်/ဆက်)